vivo ဟာ လက်ရှိအချိန်မှာ မကြာခင်မိတ်ဆက်သွားတော့မယ့် စမတ်ဖုန်းအသစ်ဖြစ်တဲ့ S15e ဖုန်းကို တရုတ်နိုင်ငံတွင်း Marketplace တစ်ခုဖြစ်တဲ့ JD.com မှာ Online Reservation တွေ စတင်ကောက်ခံနေပြီဖြစ်ပါတယ်။ အခုလို Online Reservation ကောက်ခံတာနဲ့အတူ vivo ကနေ S15e ဖုန်းမှာ ပါဝင်လာမယ့် အဓိက Feature တစ်ခုကိုပါ ဖော်ပြခဲ့ပါတယ်။

ဒါကတော့ vivo S15e ဖုန်းဟာ Chipset ပိုင်းအနေနဲ့ Samsung ရဲ့ 5nm Exynos 1080 Chipset ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Exynos 1080 Chipset ဟာ မနှစ်တုန်းက vivo X70 Pro ဖုန်းမှာ အသုံးပြုထားတဲ့ Chipset နဲ့ ဆင်တူမှာလည်း ဖြစ်ပါတယ်။

vivo S15e စမတ်ဖုန်းဟာ လက်ရှိသိထားတဲ့သတင်းတွေအရ 6.4″ Full HD+ 90Hz AMOLED Display ပါဝင်မှာဖြစ်ပြီး RAM 12GB နဲ့ 256GB Storage ပါဝင်မှာဖြ်စပါတယ်။ vivo ရဲ့ 66W Fast Charging နည်းပညာကိုလည်း ထည့်သွင်းထားမှာဖြစ်သလို 50MP Primary Sensor ပါဝင်တဲ့ Triple Camera Setup အပြင် 16MP Front Selfie Camera ကိုလည်း Waterdrop Notch Design နဲ့ထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ကတော့ 4700mAh Battery ပါဝင်မှာဖြစ်ပါတယ်။

vivo S15e စမတ်ဖုန်းဟာ လောလောဆယ်မှာတော့ တရုတ်နိုင်ငံတွင်းမှာပဲရောင်းချသွားမှာဖြစ်ပြီး အရောင်တွေအနေနဲ့ကတော့ Black ၊ Blue နဲ့ Peach ဆိုပြီး ၃ မျိုး မိတ်ဆက်သွားမှာဖြစ်ပါတယ်။ တခြားသော စျေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Gizmo China