vivo က Snapdragon 8s Gen 3 ပါတဲ့ Pad3 ကို ကြေညာလိုက်ပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု OriginOS 4 မောင်းနှင်ထားပါတယ်။

vivo Pad3 arrives with Snapdragon 8s Gen 3, 12.1" 144Hz screen, and 10,000  mAh battery - GSMArena.com news

တက်ဘလက်မှာ 12.1” 144Hz LCD 2800x1968p Display တပ်ဆင်ထားပြီး 600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပြီး 44W Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါပါတယ်။

vivo Pad3 arrives with Snapdragon 8s Gen 3, 12.1" 144Hz screen, and 10,000  mAh battery - GSMArena.com news

vivo Pad3 မှာ စပီကာ ၆ လုံး တပ်ဆင်ထားပြီး vivo Pencil2 Stylus ၊ Smart Touch Keyboard နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ တက်ဘလက်ရဲ့ အထူက ၆.၅၇ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၅၈၉.၂ ဂရမ် ရှိပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Blue, Purple နဲ့ Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။

8GB/128GB, 8GB/256GB, 12GB/256GB နဲ့ 12GB/512GB Version တွေ ထုတ်လုပ်ထားပြီး ၃၄၅ ဒေါ်လာ၊ ၃၈၅ ဒေါ်လာ၊ ၄၂၅ ဒေါ်လာနဲ့ ၄၇၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်မှာ vivo Pad3 ကို vivo ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့ ရောင်းချမှာပါ။

Ref : gsmarena