vivo က စွမ်းရည်မြင့် Pad3 Pro တက်ဘလက်ကို ကြေညာလိုက်ပြီး 13” LCD 3096x2064p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 144Hz Refresh Rate နဲ့ 900 Nits Peak Brightness ထောက်ပံ့ထားပြီး HDR10 Content တွေကို ကြည့်နိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ အနောက်ဘက်မှာ 13MP ကင်မရာ တပ်ဆင်ထားပါတယ်။

vivo Pad3 Pro key specsvivo Pad3 Pro key specs

တက်ဘလက်ကို vivo Pencil2 ဒစ်ဂျစ်တယ် ဘောပင်နဲ့ အသုံးပြုနိုင်ပြီး Keyboard Case နဲ့လည်း တွဲဖက် နိုင်ပါတယ်။ Spatial Audio ထောက်ပံ့တဲ့ စပီကာ ၈ လုံး ပါပါတယ်။

Pad3 Pro supports the vivo Pencil2 and a custom keyboard casePad3 Pro supports the vivo Pencil2 and a custom keyboard case

vivo Pad3 Pro ဟာ MediaTek ရဲ့ စွမ်းရည်မြင့် Dimensity 9300 Chipset ပါတဲ့ ပထမဆုံး Android တက်ဘလက် ဖြစ်ပြီး 16GB LPDDR5X RAM နဲ့ 512GB UFS 4.0 Storage အထိ ထောက်ပံ့ထားပါတယ်။ အပူချိန် လျှော့ချပေးတဲ့ Graphite Heat Sink နဲ့ Copper Cooling ပါလာပြီး WiFi 7 နဲ့ Bluetooth 5.4 ဆက်သွယ်မှုကို ထောက်ပံ့ထားပါတယ်။

Android 14 အခြေပြု OriginOS မောင်းနှင်ထားပြီး vivo ရဲ့ BlueLM AI မော်ဒယ် ပါပါတယ်။ အဲဒီ မော်ဒယ်မှာ ဓါတ်ပုံနဲ့ စာသားတွေ ဖန်တီးပေးဖို့ Generative AI ထည့်သွင်းထားပြီး vivo Office Suite လည်း ပါပါတယ်။ တက်ဘလက်နဲ့ vivo ဖုန်းတွေအကြားမှာ ဖိုင်တွေ ပေးပို့နိုင်ပါတယ်။

11,500mAh Battery ထည့်သွင်းထားပြီး အားသွင်းနှုန်းက 66W ဖြစ်ပါတယ်။ Grey , Blue နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၄၁၅ ဒေါ်လာ၊ 8/256GB ကို ၄၅၇ ဒေါ်လာနဲ့ 16/512GB ကို ၅၅၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဧပြီလ ၃ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena