တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo ဟာ မကြာသေးခင်ကပဲ Slider mechanism ဒီဇိုင်းနဲ့ စမတ်ဖုန်းပုံစံတွေကို မူပိုင်ခွင့်တင်ခဲ့တာ တွေ့ရပါတယ်။ Mechanism ပုံစံဟာ Auto ဖြစ်နိုင်တယ်လို့ ယူဆရပြီး OPPO Find X ရဲ့ ဒီဇိုင်းပုံစံနဲ့ အတော်လေး ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။

ဒီမူပိုင်ခွင့်ဒီဇိုင်းကို ကမ္ဘာလုံးဆိုင်ရာ Database provider ဖြစ်တဲ့ incoPat ရဲ့ Database ထဲကနေ တွေ့ရတာဖြစ်ပြီး Vivo ကတော့ သူ့ရဲ့ဒီဇိုင်းကို တရုတ်နိုင်ငံအတွက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်းပုံစံချင်းက Find X နဲ့ ဆင်တူတယ်ဆိုပေမယ့် Vivo အနေနဲ့ ဒီ Mechanism ကို ဘယ်လိုဘယ်ပုံ ပြုလုပ်ထားတယ်ဆိုတာကို မသိရသေးတဲ့အတွက် ဒီကြောင်းကို ပြောဖို့တော့ စောနေသေးတယ်လို့ ဆိုရမှာပါ။

စမတ်ဖုန်းမူပိုင်ခွင့်ဒီဇိုင်းဟာ အရှေ့ဘက်မျက်နှာစာကို အပြည့်အဝပြထားပေမယ့် ပတ်လည်မှာ ကျဉ်းမြောင်းတဲ့ Bezel တွေရှိတာကိုပဲ ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ မျက်နှာပြင်မှာ Notch ကို မမြင်တွေ့ရသလို၊ Punch-hole ကိုလည်း မတွေ့မြင်ရပါဘူး။ ဒါကြောင့် ဟန်းဆက်ဟာ Full screen ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ Selfie အတွက် Under-display ကင်မရာ တပ်ဆင်မှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အနောက်ဘက်မှာတော့ ကင်မရာလေးလုံးတပ်ဆင်ထားတဲ့ဒီဇိုင်းပါ။ စိတ်ဝင်စားစရာအချက်ကတော့ အဓိကအာရုံခံကိရိယာဟာ ကျန်ကင်မရာသုံးလုံးနဲ့ ခွဲထွက်နေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Sliding mechanism ကြောင့် ဖြစ်ပါတယ်။ အနောက်ဘက်မှာတော့ V shape ပုံသဏ္ဍာန်လိုင်းမှာ ဖလက်ရှ်မီးကို နေရာချထားပါတယ်။ ဒီပုံစံကတော့ Find X နဲ့ ကွဲပြားခြားနားတယ်လို့ ဆိုရမှာပါ။

Ref: Gizmochina