Vivo က မတ်လ ၂၆ ရက်နေ့မှာ V19 ကို အိန္ဒိယမှာ ကြေညာဖို့ စီစဉ်ထားခဲ့ပြီးနောက် ဧပြီလ ၃ ရက်နေ့ကို နောက်ဆုတ်ခဲ့ပါတယ်။ အခုတော့ Vivo က ကိုရိုနာဗိုင်းရက် ကူးစက်မှုကြောင့် V19 နဲ့ တခြား ထုတ်ကုန် အသစ်တွေ အိန္ဒိယမှာ ကြေညာမယ့် အချိန်ကို ထပ်မံ နောက်ဆုတ်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

Vivo က အိန္ဒိယမှာ ဗိုင်းရက်စ် တိုက်ဖျက်တာကို ကူညီမှာ ဖြစ်ပြီး ဗိုင်းရက်စ် လူနာတွေကို အနီးကပ် ကုသပေးနေတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ခွဲစိပ်ခန်းသုံး Mask နဲ့ N95 Mask တွေကို လှူဒါန်းမယ်လို့ ပြောပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရက်စ်ကြောင့် ထိခိုက်နေတာ Vivo ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ Realme နဲ့ Redmi တို့ဟာ ဒီလ အစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မိတ်ဆက်ပွဲတွေကို ဖျက်သိမ်းခဲ့ရပြီး အွန်လိုင်းကနေ ကျင်းပခဲ့ကြပါတယ်။ Redmi ကလည်း Note 9 Pro Max ရဲ့ ပထမ အသုတ် ရောင်းချချိန်ကို နောက်ဆုတ်လိုက်ပါတယ်။

ဒါ့အပြင် Samsung က အိန္ဒိယက စမတ်ဖုန်း စက်ရုံကို ယာယီပိတ်လိုက်ပြီး ဌာနမျိုးစုံက ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။

Ref : gsmarena