Vivo က တရုတ်မှာ စွမ်းရည်သင့် S15e ကို ကြေညာလိုက်ပြီး အဲဒီဖုန်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အစိတ်အပိုင်းက Samsung ရဲ့ 5nm Process နဲ့ တည်ဆောက်ထားတဲ့ Exynos 1080 Chipset ဖြစ်ပါတယ်။ မျက်နှာပြင်က ၆.၄၄ လက်မ AMOLED ဖြစ်ပြီး FHD+ (1080x2404p) Resolution ရှိပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားပြီး 8/128GB , 8/256GB နဲ့ 12/256GB Memory Option တွေ ထုတ်လုပ်ထားပါတယ်။

vivo S15e announced with Exynos 1080 SoC,50MP camera and 6.44'' OLED

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main , 8MP Ultrawide နဲ့ 2MP Macro တို့ ဖြစ်ကြပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။

vivo S15e announced with Exynos 1080 SoC,50MP camera and 6.44" OLED - GSMArena.com news

Vivo S15e မှာ 66W Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ထည့်သွင်းထားပြီး Vivo က ၁၈ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောထားပါတယ်။

Vivo S15e မှာ Android 11 အခြေပြု OriginOS ပဲ ပါလာပြီး Android 12 မပါလာတာက မကောင်းတဲ့အချက် ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၆၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ 256GB မော်ဒယ် ၂ ခုကို ၂,၂၉၉ ယွမ်နဲ့ ၂,၄၉၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး ၆၅၀,၀၀၀ နဲ့ ၇၀၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့ ရောင်းမှာပါ။ အနက်၊ အပြာနဲ့ နှင်းဆီ ရွှေရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena