Vivo ဟာ ဒီလ ၂၅ ရက်နေ့မှာ စွမ်းရည်မြင့် X80 Series ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် နောက်ထပ် ဖုန်း ၁ လုံးကိုပါ ချပြနိုင်ပြီး အဲဒါကတော့ Vivo S15e ဖြစ်ပါတယ်။

Vivo S15e to launch on April 25 in China - Gizmochina

Vivo S15e ရဲ့ တချို့ Specs တွေကို ကုမ္ပဏီက မျှဝေထားပြီးပြီ ဖြစ်ပြီး 4,700mAh ဘက်ထရီ၊ 66W Fast Charging နဲ့ 50MP ဆဲလ်ဖီး ကင်မရာတွေကို အတည်ပြုထားပြီးပါပြီ။ အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ Specs အပြည့်အစုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။

66W charging for vivo S15e confirmed, the phone is coming on April 25 - GSMArena.com news

Vivo S15e မှာ ၆.၄ လက်မ 1080×2400 AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 16MP ဆဲလ်ဖီး ကင်မရာပါမယ်လို့ ပြောတဲ့အတွက် အထက်ပါ သတင်းနဲ့ ကွဲလွဲနေပါတယ်။

Vivo S15e မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး Exynos 1080 SoC မောင်းနှင်ထားမှာပါ။ 8GB LPDDR4x RAM နဲ့ 128 or 256GB UFS 3.1 Storage တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 50MP Main , 13MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ ပါလာမှာပါ။ Android 12 အခြေပြု Vivo Origin OS Ocean မောင်းနှင်ထားမှာ ဖြစ်ပြီး Peach , Blue နဲ့ Black ၃ ရောင် ထုတ်လုပ်ထားမှာပါ။ အဲဒီ ဖုန်းကို တရုတ် ပြင်ပမှာ ရောင်းမလား ဆိုတာ မသိရသေးပါဘူး။

Ref : gsmarena