တရုတ်မှာ Vivo ဟာ ဒီလ ၂၅ ရက်နေ့မှာ Vivo S15e, Vivo S15 နဲ့ Vivo S15 Pro တို့ကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ S15e ကို Vivo တရုတ် ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားပါတယ်။ အဲဒီမှာ S15e ကို ဒီလ ၂၅ ရက်နေ့ တရုတ် စံတော်ချိန် ည ၇ နာရီ မိတ်ဆက်မယ်လို့ ရေးသားထားပါတယ်။

vivo S15E specs, price and features - Specifications-Pro

Vivo S15e ကို တရုတ် ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး အဲဒီမှာ အရွယ်သေး Notch ကို အရှေ့ဘက်နဲ့ ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားမယ်လို့ ဖော်ပြထားပါတယ်။ ပထမ ကင်မရာ Ring မှာ ပင်မ ကင်မရာနဲ့ ဒုတိယ ကင်မရာ Ring မှာ Lenses ၂ လုံး ထည့်သွင်းထားပြီး 66W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Vivo S15e Design Leaked, To Come With 5nm Processor and 66W Charging - TheMobileHunt

တရုတ်မှာ မကြာခင်က TENAA နဲ့ 3C တို့မှာ မှတ်ပုံတင်ထားတဲ့ V2190A မော်ဒယ်နံပါတ်ဟာ Vivo S15e ဖြစ်ပြီး TENAA က စာရင်းအရ အဲဒီ ဖုန်းမှာ ၆.၄၄ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာပါ။

ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပြီး အနောက်ဘက်မှာ 50MP ပင်မ ၊ 8MP Ultrawide နဲ့ 2MP ကင်မရာ ၃ လုံး ပါလာမှာပါ။ Android 12 OS အခြေပြု OriginOS UI ထည့်ထားမှာ ဖြစ်ပြီး Exynos 1080 Chip မောင်းနှင်ထားမှာပါ။ 12GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပြီး 4,605mAh ဘက်ထရီ ပါလာမယ်လို့ ဖော်ပြထားပါတယ်။ Vivo S15e ကို ဒီလထဲ ကြေညာမှာ ဖြစ်ပြီး S15 နဲ့ S15 Pro ကို နောက်လထဲ ကြေညာနိုင်ပါတယ်။

Ref : gizmochina