Vivo S6 5G ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အနက်၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Vivo က အဲဒီ စမတ်ဖုန်းအတွက် Streamer Secret အရောင် အသစ်ကို ရောင်းချပေးလိုက်ပြီး အနောက်ဘက်မှာ လိမ္မော်၊ ခရမ်းနဲ့ အပြာရောင်တွေ ပြောင်းသွားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Vivo S6 5G ရဲ့ Streamer Secret အရောင်အသစ်ကို ဧပြီလ ၃၀ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပြီး ရရှိနိုင်မယ့် Memory နဲ့ Storage Configuration တွေကို ကုမ္ပဏီက မပြောသေးပါဘူး။

Vivo S6 5G မှာ ၆.၄၄ လက်မ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Full HD+ Resolution ရှိပါတယ်။ အနောက်ဘက်မှာ 48MP Main, 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံးနဲ့ အရွယ်သေး Notch မှာ 32MP ကင်မရာ ထည့်ထားပါတယ်။ Exynos 980 Chipset မောင်းနှင်ထားပြီး 6/8GB RAM နဲ့ 128/256GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Samsung Exynos 980 Chipset မောင်းနှင်ထားပြီး ဖုန်း အပူချိန် လျှော့ချပေးတဲ့ Cooling Turbo ပါပါတယ်။ Android 10 အခြေပြု FunTouch OS နဲ့ 18W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Ref : gsmarena