Vivo က တရုတ်မှာ Vivo S7e 5G ကို ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Dimensity 720 5G Chipset မောင်းနှင်ထားပြီး အနောက်ကင်မရာ ၃ လုံးပါပါတယ်။ Vivo S7e 5G မှာ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာပြီး အရှေ့ ကင်မရာက 32MP ဖြစ်ပါတယ်။

Vivo S7e 5G is official with a 64 MP camera, 33W fast charging

Vivo S7e 5G မှာ ၆.၄၄ လက်မ OLED Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာ အတွက် အရွယ်သေး Notch ပါပါတယ်။ ဘက်ထရီက 4,100mAh ဖြစ်ပြီး 33W Fast Charging နဲ့ USB-C Port ထောက်ပံ့ထားပါတယ်။ နားကြပ်ပေါက်၊ Dual 4G VoLTE နဲ့ 5G Support တွေ ပါလာပါတယ်။

Vivo S7e 5G အတွက် Mirror Black , Phantom Blue နဲ့ Silver Moon ၃ ရောင် ထုတ်လုပ်ထားပြီး နောက်ဆုံး ၂ ရောင်ရဲ့ အရောင်ပြောင်း ဒီဇိုင်းက အရမ်းလှပါတယ်။ Vivo က S7e 5G ရဲ့ ဈေးနှုန်းကို မပြောသေးဘဲ တရုတ်ရဲ့ နာမည်ကျော် Singles’ Day ဈေးရောင်းပွဲတော်မှာ ဈေးနှုန်းကို သိရမှာ ဖြစ်ပါတယ်။

Ref : gsmarena