Zawgyi





Unicode

Vivo Showroom 3.0 ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ Vivo

Vivo Myanmar အနေနဲ့ အဆင့်မြင့်တင်မှုများ ပြုလုပ်ထားတဲ့ Vivo Showroom 3.0 ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းက ၃၃လမ်း၊ ၇၇ လမ်းနဲ့ ၇၈လမ်းကြားမှာ ကျင်းပပြုလုပ်ခဲ့ရာ Vivo မှ တာဝန်ရှိလူကြီးများ၊ Brand Ambassador ဝိုင်းစုခိုင်သိန်း၊ သရုပ်ဆောင်မော်ဒယ်များဖြစ်ကြတဲ့ နန်းစန္ဒာလှထွန်း ၊ ပိုးကြာဖြူခင် တို့တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖွင့်ပွဲနေ့မှာ ပထမဦးဆုံး ဖုန်းဝယ်တဲ့ အယောက်(၆၀) ကို ငွေကျပ် (၂သောင်း) တန်ဖိုးရှိ လက်ဆောင်ဘူး ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နံနက်(၈:၃၀)နာရီက စပြီး ဆိုင်ဖွင့်ပွဲကို ပထမဦးဆုံး တက်ရောက် လာတဲ့ Customer အယောက် (၁၀၀) ကိုလည်း ငွေကျပ် (၁၅၀၀၀) တန်ဖိုးရှိ V Fan အကျီလက်ဆောင် ပေးအပ်ခဲ့ပါတယ်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားမှာ Showroom ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ခုဝယ်၊ ခုယူ လက်ဆောင် (၅)မျိုးလည်း ပေးသွားတဲ့အပြင် ကံစမ်းမဲ အစီအစဉ်များလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး နိုဝင်ဘာလအထူးအစီအစဉ်အနေနဲ့ Vivo V11 | V11i ဝယ်ယူကြမယ့် သူများအတွက် နိုဝင်ဘာလ(၁၅)ရက်နေ့အထိ ခဲခြစ်ကံစမ်းမဲ အစီအစဉ်လည်း ပြုလုပ်ထားကြောင်းကို Vivo Myanmar မှ တာဝန်ရှိသူများက ပြောကြားထားပါတယ်။ ဆုမဲတွေကတော့ ပထမဆု V11 (၃)ဆု၊ ဒုတိယဆု V11i (၅)ဆု၊ တတိယဆု V9 (၁၀)ဆု နဲ့ 10000 Cashback ဆုမဲများစွာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။