Vivo က စက်တင်ဘာလ ၂၆ ရက်နေ့မှာ X Fold+ ကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။ အခုတော့ အဲဒီ မိတ်ဆက်ပွဲ ပိုစတာမှာ အနီရောင် မော်ဒယ်ရဲ့ ဓါတ်ပုံတွေကို ပြသလိုက်ပြီး Faux သားရေ ကာဗာ ထည့်သွင်းထားတာ မြင်ရပါတယ်။

vivo shows off images of X Fold+ in red - GSMArena.com news

Vivo က Huaxia Red လို့ အမည်ပေးထားပြီး “ တရုတ် လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အရောင် ဖြစ်ပြီး တိုးတက်ဖွံ့ဖြိုးမှုရဲ့ သင်္ကေတ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Vivo X Fold+ မှာ ပိုကောင်းလာတဲ့ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။  အနည်းငယ်ပိုကြီးတဲ့ 4,730mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Vivo X Fold မှာတော့ 4,600mAh ဘက်ထရီပဲ ထည့်ထားတာပါ။ 80W Wired Fast Charging ထောက်ပံ့ထားမှာ ဖြစ်ပြီး Vivo X Fold ရဲ့ 66W ထက် ပိုတိုးတက်လာမှာပါ။

ကျန်တဲ့ Specs တွေက မူလ Vivo X Fold နဲ့ တူညီမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း တူညီမလားဆိုတာ နောက်တစ်ပတ်မှာ တရားဝင် သိရတော့မှာ ဖြစ်ပါတယ်။ မူလ Vivo X Fold ကို ယွမ် ၉,၀၀၀ ( ဒေါ်လာ ၁,၄၁၅) နဲ့ ရောင်းချထားတာ ဖြစ်ပါတယ်။ မူလ Vivo X Fold ကို တရုတ်မှာပဲ ရောင်းချထားပြီး X Fold+ ကို နိုင်ငံတကာမှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena