Google Play Console မှာ Vivo ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို တွေ့လာရပြီး မော်ဒယ်နံပါတ်က V2072A ဖြစ်ပါတယ်။ Google Services နဲ့ Apps အတွက် မှတ်ပုံတင်လိုက်တာ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မလိုတော့ဘူးလို့ ပြောရမှာပါ။

vivo V2072A at Google Play Console

Google Play Console က စာရင်းအရ အဲဒီ Vivo စမတ်ဖုန်း အသစ်မှာ MediaTek ရဲ့  6nm Dimensity 1100 Chipset အသစ် မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Vivo smartphone with Dimensity 1100 pops up on Google Play Console

အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကိုလည်း Google Play Console မှာ ဖော်ပြထားပြီး Vivo V2072A မှာ အရွယ်အစား နည်းနည်းကြီးတဲ့ Notch တပ်ဆင်ထားတာ မြင်ရပါတယ်။ အရှေ့ ကင်မရာ ၂ လုံးအတွက် အရွယ်သေး Notch သို့မဟုတ် Punch Hole ကို အသုံးမပြုထားပါဘူး။

မျက်နှာပြင် အရည်အသွေးဟာ 1080p ဖြစ်ပြီး အဲဒီ စမတ်ဖုန်းကို Google Services အတွက် မှတ်ပုံတင်ထားတဲ့အတွက် တရုတ်အတွက် မဟုတ်ဘဲ နိုင်ငံတကာဈေးကွက်မှာ ရောင်းချမှာ သေချာပါတယ်။

လက်ရှိမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena