vivo က အိန္ဒိယမှာ T2 Pro ကို ကြေညာလိုက်ပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ MediaTek ရဲ့ စွမ်းရည်သင့် 4nm Chipset ဖြစ်တဲ့ Dimensity 7200 ကို သုံးထားပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပါတယ်။

vivo T2 Pro announced in India with Dimensity 7200 SoC and curved OLED display

vivo T2 Pro မှာ 6.78” AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1300 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 8GB/128GB နဲ့ 8GB/256GB Version တွေ ထုတ်လုပ်ထားပါတယ်။

အနောက်ဘက်မှာ 64MP OIS Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ အနောက်ကင်မရာတွေနဲ့အတူ LED Ring Flash ထည့်သွင်းထားပြီး vivo က Aura Light လို့ ပြောပါတယ်။

vivo T2 Pro announced in India with Dimensity 7200 SoC and curved OLED display

ဘက်ထရီက အားနည်းပြီး 4,600mAh ပဲ ထည့်သွင်းထားပါတယ်။ 66W Fast Charging ပါလာပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အလေးချိန်က ၁၇၅ ဂရမ် ရှိပါတယ်။ IP52 စံနှုန်း ပါတဲ့အတွက် ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။

vivo T2 Pro အတွက် New Moon Black နဲ့ Dune Gold အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ရူပီး ၂၁,၉၉၉ သတ်မှတ်ထားပါတယ်။

Ref : gsmarena