vivo T3 Lite ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး Dimensity 6300 SoC မောင်းနှင်ထားပါတယ်။ Android 14 အခြေပြု Funtouch OS 14 ထည့်သွင်းထားပြီး 6GB RAM နဲ့ 128GB Storage ပါပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။

vivo T3 Lite arrives with Dimensity 6300 SoC, 50MP camera, and 90Hz screen

vivo T3 Lite မှာ 6.56” 90Hz HD+ LCD Display တပ်ဆင်ထားပြီး 840 Nits Brightness ထောက်ပံ့ထားပါတယ်။ Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

vivo T3 Lite arrives with Dimensity 6300 SoC, 50MP camera, and 90Hz screen

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ 5G ဆက်သွယ်မှု၊ IP64 Rating ၊ USB-C နဲ့ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

vivo T3 Lite အတွက် Vibrant Green နဲ့ Majestic Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/128GB နဲ့ 6/128GB Version တွေ ထုတ်လုပ်ထားပြီး ၁၂၅ ဒေါ်လာနဲ့ ၁၄၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ဇူလိုင်လ ၄ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena