စက်တင်ဘာလ ပထမပတ်ထဲမှာ Vivo V20 SE ရဲ့ အချက်အလက်အချို့ကို စတင်တွေ့မြင်ခဲ့ရပြီး၊ ပြီးခဲ့တဲ့ရက်ကတော့ဒီဟန်းဆက်ရဲ့ တရားဝင် Teaser တွေ ပေါ်ထွက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့မှာတော့ V20 SE ရဲ့ မိတ်ဆက်ရက်ကိုပါ သိလာရပါပြီ။

Vivo မလေးရှားက V20 SE ကို လာမယ့် စက်တင်ဘာလ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ မိတ်ဆက်မယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် V20 SE ရဲ့ ပရိုမိုးရှင်းစာမျက်နှာကိုလည်း သူတို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြထားတာကို တွေ့မြင်နေရပါပြီ။

အခုအချိန်ထိ မြင်တွေ့ရသလောက်ကတော့ Vivo V20 SE ဟာ ကျစ်လျစ်ချောမွေ့တဲ့ဒီဇိုင်းဖွဲ့စည်းပုံနဲ့ဖြစ်ပြီး Super Night Mode, Flash Charge စတာတွေ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ Vivo ဟာ V20 SE ရဲ့ အခြား အချက်အလက်တွေကို ထုတ်ဖော်ပြသခြင်းမရှိသေးပေမယ့် Geekbench အရတော့ ဒီဟန်းဆက်ဟာ Snapdragon 665 SoC နဲ့ 8GB of RAM ကို တွဲဖက်ထားကြောင်း သိနိုင်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာတွေ့မြင်ရတဲ့ ကြော်ငြာနဖူးစည်းပုံအရလည်း V20 SE ဟာ Waterdrop notch နဲ့ဖြစ်တာကို သိနိုင်ပါတယ်။ (ပုံမှန် V20 ကတော့ Dual-selfie ကင်မရာနဲ့ဖြစ်ပါတယ်) ကင်မရာနဲ့ပတ်သက်ပြီး သိနိုင်တာက V20 SE မှာ 64MP အဓိက ကင်မရာနဲ့ 44Mp Selfie ကင်မရာတွေ ပါဝင်မယ်ဆိုတာပါပဲ။ ဒါပေမယ့် ပိုစတာမှာက V20 နဲ့ V20 SE နှစ်မျိုးစလုံးကို အတူယှဉ်တွဲဖော်ပြထားတာဖြစ်တဲ့အတွက် ကင်မရာနဲ့ FlashCharge ဆိုင်ရာအချက်အလက်တွေဟာ ဟန်းဆက်နှစ်မျိုးစလုံးမှာ အတူတူပဲလား၊ မတူဘူးလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။

Ref: GSM Arena