ပြီးခဲ့တဲ့ ရက်အနည်းငယ်က မော်ဒယ်နံပါတ် Vivo V2031 နဲ့ ဖုန်းတစ်လုံးဟာ TENAA ပေါ် ရောက်လာခဲ့ပါတယ်။ အခု ထပ်ပြီး Vivo ရဲ့ နောက်ထပ် စမတ်ဖုန်း တစ်လုံး ဖြစ်တဲ့ V2034A က တရုတ်အခြေစိုက် ဝက်ဘ်ဆိုဒ်ပေါ်မှာ ထပ်ပေါ်လာခဲ့ပြန်ပါပြီ။ ဒီမော်ဒယ်ကတော့ 5G အနေနဲ့ ထွက်လာမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ဒီဇိုင်းနဲ့ အချက်အလက်တွေအရ Vivo V2031 နဲ့ V2034A နှစ်မျိုးလုံးက စီးရီး တစ်ခုတည်း ဖြစ်ပုံရပါတယ်။

TENAA ရဲ့ ဖော်ပြချက်အရ နောက်ထွက်လာမယ့် Vivo V2034A စမတ်ဖုန်းက 2.0GHz Processor ကို သုံးထားပြီး 4GB/6GB/8GB RAM နဲ့အတူ 64GB/128GB Storage တွေနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။

Vivo V2034A

ဖုန်းရဲ့ အရှေ့ဖက်မှာ 6.52 လက်မရှိတဲ့ AMOLED မျက်နှာပြင်ပါဝင်ပြီး Dew-drop ဒီဇိုင်း Notch ကိုတွေ့ရမှာပါ။ Vivo V2034A မှာ HD+ (720 x 1600 Pixels) Panel ကို ထောက်ပံ့ပေးထားပြီး Vivo V2031 မှာကတော့ 6.44 လက်မ FHD+ (2400 x 1080 Pixels) Panel ကို သုံးထားတာ ဖြစ်ပါတယ်။

Vivo V2034A စမတ်ဖုန်းရဲ့ အနောက်ဖက် ဒီဇိုင်းကတော့ Vivo V2031 နဲ့ တူပြီး Vivo လိုဂို ထည့်ထားတဲ့ နေရာလည်း တူပါတယ်။ ဒါပေမယ့် Vivo V2034A ရဲ့ LED Flash ကတော့ အနည်းငယ်ပိုသေးပြီး သူက ကင်မရာတွေရဲ့ အောက်မှာ ထည့်ထားတဲ့ ပုံစံကို တွေ့ရမှာဖြစ်ပါတယ်။

Vivo V2031

ပါဝါခလုတ်ရဲ့အရွယ်အစားကို ကြည့်ရင်တော့ အရင် မော်ဒယ် Vivo V2031 တုန်းကလို In-Display လက်ဗွေစနစ်ကို မသုံးထားပဲ Side-mounted လက်ဗွေစနစ်ကို သုံးထားပုံရပါတယ်။ အနောက်ကင်မရာကတော့ Vivo V2034A မှာ ကင်မရာ သုံးလုံး ပါဝင်ပြီး 13MP အဓိက ကင်မရာ၊ 2MP Macro နဲ့ 2MP Depth တို့ပါဝင်တာ ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 8MP ပါဝင်ပါတယ်။

ဒါ့အပြင် Android 10 ကို သုံးထားပြီး ဘက္ထရီကတော့ 4,910mAh ကိုမှ Fast Charging (18W) နဲ့ တွဲသုံးရမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ အတိုင်းအတာက 164.41×76.32×8.41(mm) ရှိပြီး 192.3g လေးပါတယ်။

Ref – Gizmochina