vivo ဟာ V Series ဖုန်းတွေထဲမှာ နောက်ထပ်ဖုန်းအသစ်တစ်မျိုးအနေနဲ့ vivo V21s ကို ထိုင်ဝမ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ vivo V21s ဖုန်းဟာ V21 မိတ်ဆက်ပြီး ၁၈ လအကြာမှာ မိတ်ဆက်တာဖြစ်သလို အဆင့်မြှင့်တင်မှုအနည်းငယ်ပါဝင်လာပါတယ်။

vivo V21s ဟာ Specification တွေအနေနဲ့ MediaTek Dimensity 800U Chipset ကို အဓိကအသုံးပြုထားပြီး 5G Network ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး 128GB Storage ပါဝင်မယ့်အပြင် microSD Card ကနေလည်း ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။​

Design ပိုင်းအနေနဲ့ vivo V21s ဖုန်းဟာ အစောပိုင်းတုန်းက ထွက်ရှိထားတဲ့ vivo V21 5G နဲ့ ဆင်တူပြီးတော့ တူညီတဲ့ 6.44″ Full HD+ AMOLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။​ Selfie Camera ကိုတော့ 44MP Camera Sensor အသုံးပြုထားပြီး Waterdrop Notch ပုံစံ ပြုလုပ်ထားတာကိုတွေ့ရပါတယ်။​

Software ပိုင်းမှာတော့ Android 12 ကို အခြေခံထားတဲ့ Funtouch OS 12 ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Back Camera အနေနဲ့လည်း vivo V21 5G အတိုင်းပဲ 64MP + 8MP Ultrawide + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။​

vivo အနေနဲ့ အခုလိုမျိုး vivo V21s ကို ပြန်လည်မိတ်ဆက်လိုက်တာက လက်ရှိအချိန်မှာ vivo V23 နဲ့ vivo V25 ဖုန်းတွေလည်းရောင်းချနေတာကြောင့် ထူးခြားနေတယ်လို့ ပြောရမှာပါ။ vivo V21s ဖုန်းဟာ စျေးနှုန်းအနေနဲ့ ထိုင်ဝမ်ဒေါ်လာ ၁၁,၄၉၀ (မြန်မာငွေ ၈ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး Dusk Blue နဲ့ Sunset Dazzle ဆိုပြီး အရောင် ၂ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena