– V25 Series သည် ဆန်းသစ်တီထွင်မှုများနှင့် အလှတရားများအတွက် ထိပ်တန်းအရောင်ပြောင်းလဲနောက်ကျောမှန် ပါဝင်ကာ သုံးစွဲသူများ၏ ဒီဇိုင်းပိုင်းလိုအပ်ချက်အား ဖြည့်ဆည်းပေးထားပါတယ်။

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် နောက်ဆုံးထွက်ရှိမည့် V25 5G နှင့် V25e စမတ်ဖုန်းများအား တရားဝင်မိတ်ဆက်မည့်ရက် ကြေညာလိုက်ပါသည်။ V Series ၏ နောက်ဆက်တွဲဖြစ်သော V25 5G နှင့် V25e စမတ်ဖုန်းများ သည် ခမ်းနားထည်ဝါ သွက်လက်ပေါ့ပါးသော အသွင်ပြင်၊ အားပြင်းသောစွမ်းဆောင်ရည်နှင့် အဆင့်မြှင့်တင်ထားသော သုံးစွဲသူဘက်စုံအတွေ့အကြုံ အား တစ်ကျော့ပြန် ယူဆောင်လာမှာဖြစ်ပါသည်။ မကြာခင်မှာ အားလုံးစောင့်မျှော်နေကြသော V25 5G နှင့် V25e အား မြန်မာနိုင်ငံရှိ သုံးစွဲသူအားလုံးအတွက် ‌‌ရောက်ရှိလာတော့မှာဖြစ်ပါသည်။

V25 5G နှင့် V25e တွင် စမတ်ဖုန်းအား နေရောင်တိုက်ရိုက်ထိတွေ့သည့်အခါ အရောင်ပြောင်းလဲနိုင်သည့် ဆန်းသစ်သော အရောင်ပြောင်းလဲခြင်း Glass နည်းပညာပါဝင်သည့် အပြင် စမတ်ဖုန်းနှစ်မျိုးလုံးတွင် အသုံးပြုထားသော Fluorite AG Glass သည် ကြယ်များကဲ့သို့တောက်ပသေးငယ်သော ဖန်သားမျက်နှာပြင်အား ဖန်တီးရန်အတွက် မော်လီကျူးနည်းပညာကိုအသုံးပြုပြီး စက်၏ အလုံးစုံအသွင်အပြင်နှင့် အလှတရားကို မြှင့်တင်ပေးထားသော နည်းပညာတစ်ခုဖြစ်ပါသည်။ V25 စမတ်ဖုန်းများသည် သပ်ရပ်သော ဘေးဘောင်ဖရိန်ကြောင့် အသုံးပြုသူများအတွက် ပါးလွှာစတိုင်လ်ကျ ပြီး လှပကျော့ရှင်းခေတ်မီသော စမတ်ဖုန်းတစ်လုံးဖြစ်လာမှာသေချာနေပါသည်။

V25 5G နှင့် V25e သည် V စီးရီး၏ ဆက်ခံသူများအနေဖြင့် သုံးစွဲသူများအား ရှင်းလင်းပြတ်သားသော ဓာတ်ပုံလက်ရာများ ဖန်တီးနိုင်စေမည့် ပြောင်မြောက်သော ကင်မရာစွမ်းရည်အများပြား ထည့်သွင်းထားပါသည်။ V25 5G တွင် 64MP OIS Ultra Sensing Rear Camera ပါရှိပြီး တုန်ခါမှုကြောင့် ဖြစ်ပေါ်လာသော မှုန်ဝါးသောပုံထွက်များကို လျှော့ချနိုင်သလို အလင်းအမှောင်ကိုလည်း ချိန်ဆနိုင်မှာဖြစ်ပါသည်။ ဒါ့အပြင် V25 5G အရှေ့ကင်မရာတွင် 50 MP AF HD Portrait ပါရှိလို့ အကောင်းဆုံး Selfie အတွေ့အကြုံကို ဖော်ဆောင်နိုင်ပါသည်။ V25e တွင်လည်း 32MP FF Front Camera ပါရှိပြီး သုံးစွဲသူများအား အကောင်းဆုံးအဆင့်မြင့်ဓာတ်ပုံနည်းပညာကို ပေးဆောင်ပါသည်။

စွမ်းဆောင်ရည်ပိုင်းတွင်လည်း စမတ်ဖုန်းနှစ်မျိုးလုံးတွင် အားကောင်းသည့် ပရိုဆက်ဆာများအဖြစ် V25 5G အတွက် 6nm 5G processor D900 နှင့် V25e အတွက် 6nm processor G99 တို့ပါရှိသည်။ V25 စမတ်ဖုန်းများတွင် 44W FlashCharge + 4500mAh Battery ပေါင်းစပ်ပါဝင်မှုကြောင့် သုံးစွဲသူများအတွက် ဖုန်းအားကြာရှည်အသုံးခံမှု အားပံပိုးပေးထားပါသည်။ ထို့အပြင် ချောမွေ့သော သုံးစွဲသူအတွေ့အကြုံကိုရရှိစေရန် V25 စမတ်ဖုန်းများ တွင် လိုအပ်သည့်အခါတိုင်း 8GB အပို RAM ပေးဆောင်နိုင်သည့် Extended RAM 3.0 + 8GB အား လည်း ထပ်ဆောင်းပံ့ပိုးပေးထားပါသည်။

မကြာမီ မိတ်ဆက်တော့မည့် ထုတ်ကုန်နှင့်ပတ်သက်ပြီး ပြောကြားရာတွင် vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ “vivo သည် ဓာတ်ပုံပညာကို ဗဟိုပြုထုတ်လုပ်သော အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ V25 စမတ်ဖုန်းများမှာ သုံးစွဲသူအတွက် နောက်ဆုံးပေါ် ကင်မရာနှင့် ပုံရိပ်ဖော်နည်းပညာကို ပေးဆောင်ထားတာကြောင့် vivo အတွက် မျှော်မှန်းထားတဲ့လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတယ်ဆိုတာကို သက်သေပြလို့ရပါတယ်။ V25 5G နှင့် V25e စမတ်ဖုန်း နှစ်ခုလုံးတွင် ပရိတ်သတ်များ အလွန်နှစ်သက်သဘောကျခဲ့သည့် V Series ရဲ့ အကောင်းဆုံးသောအင်္ဂါရပ်များ နှင့် ဘက်စုံအတွေ့အကြုံများကို ပြန်လည်အသက်သွင်းပေးထားပါတယ်။ အခု V25 5G နှင့် V25e မှတစ်ဆင့် V23 series ကဲ့သို့ ဒေသအနှံ့တွင် အောင်မြင်မှုများစွာ ရရှိဖို့ vivo မှာ အသင့်ဖြစ်နေပါပြီ။” ဟုပြောကြားခဲ့ပါသည်။

vivo မှ အားလုံးစောင့်မျှော်နေကြသော vivo V25 5G | V25e အား “ The Gorgeous Show” ခေါင်းစဉ် နှင့် လာမည့် ၁၆ရက်နေ့ သောကြာနေ့ ညနေ ၇ နာရီ တွင် vivo Myanmar Official Facebook page နှင့် vivo Myanmar Youtube Channel တွင် တိုက်ရိုက်ထုတ်လွင့်မိတ်ဆက်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

Press Release – vivo