Vivo က အနောက်ဘက် အရောင်ပြောင်းတဲ့ ဒီဇိုင်းပါတဲ့ V25e ကို ကြေညာလိုက်ပါတယ်။ ၆.၄၄ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါလာပါတယ်။ Full HD+ (2404x1080p) Resolution ရှိပြီး အမြင့်ဆုံး Brightness က 1,300 nits ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး အလေးချိန်က ၁၈၃ ဂရမ်နဲ့ အထူက ၇.၉၉ မီလီမီတာ ဖြစ်ပါတယ်။

32MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပြီး အနောက်ဘက်မှာ 64MP Main, 2MP Bokeh နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Main ကင်မရာမှာ Optical Image Stabilization ပါပြီး Bokeh Flare Portrait, Night Mode, Live Photo, AR Stickers, Vlog Movie, Dual View နဲ့ Double Exposure စတဲ့ ဓါတ်ပုံ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

D286C90F-71FC-4316-84CC-69F6A190ED55.jpeg

V25e မှာ Helio G99 Chipset မောင်းနှင်ထားပြီး 8GB LPDDR4x RAM နဲ့ 256GB Storage ပါပါတယ်။ 44W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပြီး ၃၈ မိနစ်အတွင်း ၅၈ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Android 12 အခြေပြု FunTouch OS 12 မောင်းနှင်ထားပါတယ်။

C8A0325F-A7CA-4C2C-9BF7-69A090CB51D9.jpeg

ဖုန်းရဲ့ အမိုက်စား လုပ်ဆောင်ချက်က အနောက်ဘက် အရောင်ပြောင်းတဲ့ ဒီဇိုင်း ဖြစ်ပြီး Stereo Speaker, microSD Card Slot, dual 4G VoLTE, WiFi 802.11ac, Bluetooth 5.2 , NFC , USB-C Port နဲ့ 3.5mm Audio Jack တွေ ထည့်သွင်းထားပါတယ်။

၃၁၂ ဒေါ်လာ သတ်မှတ်ထားပြီး Diamond Black နဲ့ Sunrise Gold ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina