vivo ဟာ vivo V25 Pro ကို ဒီလ အစောပိုင်းတုန်းက တရားဝင် မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဟာ V20 စီးရီးမှာ နောက်ထပ် မိသားစုဝင်သစ်ကို ထပ်ပြီးမိတ်ဆက်ပေးဖို့ ပြင်ဆင်နေတာကိုလည်း တွေ့မြင်နေရပါပြီ။ အသစ် ထွက်ပေါ်လာမဲ့ မိသားစုဝင်ကတော့ vivo V25e ဖြစ်ပါလိမ့်မယ်။

ကုမ္ပဏီအနေနဲ့ vivo V25e အကြောင်းကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ GeekBench အဖြစ် လူသိများတဲ့ Benchmarking platform မှာ စမတ်ဖုန်းရဲ့ အချက်အလက်တွေ ထွက်ပေါ်လာတာကို တွေ့မြင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် V25e ရဲ့ အဓိအစိတ်အပိုင်းအချို့နဲ့ အချက်အလက်အချို့ကို သိမြင်ရတာပါ။

ပြောရမယ်ဆိုရင်တော့ vivo V25e နဲ့ သူ့ရဲ့ အဓိကအစိတ်အပိုင်းနဲ့အချက်အလက်အချို့ကို Google Play Console မှာလည်း တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ အခု GeekBench Listing မှာ ထပ်ပြီးတွေ့လိုက်ရတော့ သိပြီးသားအချက်အလက်တွေကိုလည်း အတည်ပြုနိုင်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။

Benchmark ရလဒ်တွေအရ စမတ်ဖုန်းဟာ Android 12 OS မောင်းနှင်ထားတာ ဖြစ်ပါတယ်။ ဟန်းဆက်မှာ MediaTek Helio G99 SoC တပ်ဆင်ပေးထားပြီး Mali G57 MC2 graphic နဲ့ 8GB of RAM ကိုလည်း တွဲဖက်ထောက်ပံ့ပေးထားပါသေးတယ်။

Benchmarking ရလဒ်တွေအဖြစ် V25e ရဲ့ Single core ရလဒ်ဟာ 539 မှတ်ဖြစ်ပြီး Multi core ရလဒ်ကတော့ 1812 မှတ် ဖြစ်တာကို တွေ့ရပါတယ်။ GeekBench မှာ သိုလှောင်မှုပမာဏကို ဖော်ပြခြင်းမရှိပေမဲ့ vivo V25e မှာ 128GB ဒါမှမဟုတ် 256GB storage ထောက်ပံ့လာမယ်လို့ မျှော်လင့်ရပါတယ်။

vivo V25e ဟာ Full HD+ မျက်နှာပြင်ကိုမြင်ရဖို့ မျှော်လင့်နိုင်ပြီး ကျောဘက်မှာတော့ ကင်မရာသုံးလုံး တပ်ဆင်ထားဖို့ မျှော်လင့်နိုင်ပါတယ်။ အရောင်အားဖြင့် လိမ္မော်နဲ့ အနက် နှစ်မျိုး ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အခြားအသေးစိတ်အချက်အလက်တွေကို မသိရသေးတဲ့အတွက် ဆက်လက်စောင့်ဆိုင်းကြရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina