vivo သည် အကောင်းဆုံးသော စမတ်ဖုန်း နည်းပညာဖြင့် ခေတ်သစ်တစ်ခုကို စတင်မိတ်ဆက်ရန် ရည်ရွယ်ပြီး vivo V29 5G အား မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ ၁,၃၉၉,၈၀၀ ကျပ်ဖြင့် ရောင်းချနေပါပြီ။

vivo မှ ၎င်းတို့၏ ထုတ်လုပ်ခဲ့သည့်စမတ်ဖုန်းတိုင်းကို ပြိုင်ဘက်ကင်းပြီး သုံးစွဲသူစိတ်တိုင်းကျ အတွေ့အကြုံအား ပေးစွမ်းနိုင်ရန် တစ်စိုက်မတ်မတ် လုပ်ဆောင်လျက်ရှိသည်။

ယခုအသစ်ထွက်ရှိထားသော vivo V29 5G တွင် အရည်အသွေးကောင်းမွန်သော ဓါတ်ပုံများ ဖန်တီးနိုင်ရန် Smart Aura Light Portrait ဖြင့်ရိုက်ကူးနိုင်ပြီး 120 Hz 3D Curved Screen ဖြင့် ရုပ်ထွက်ကောင်းမွန်စေကာ 80W FlashCharge ဖြင့် စွမ်းဆောင်ရည်မြင့်သော လုပ်ဆောင်ချက်လည်း ထည့်သွင်းပေးထားသည်။

ယခုလက်ရှိတွင် စမတ်ဖုန်းအား ၁,၃၉၉,၈၀၀ ကျပ်ဖြင့် vivo အရောင်းစင်တာများနှင့် Ecommerce Platforms များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ဝယ်ယူသူများအနေဖြင့်လည်း မေတ္တာလက်ဆောင်အနေဖြင့် Power Bank 10000 mAh ကို လက်ဆောင် ရရှိနိုင်မည်ဖြစ်သည်။

စွဲမက်ဖွယ်ရာ vivo V29 5G ကို Peak Blue နှင့် Nobel Black အရောင်များရရှိနိုင်ပြီး ဆန်းသစ်သော 3D သံလိုက်အမှုန်အမွှားနည်းပညာကို အသုံးချကာ Fluorite AG Glass အား အသုံးပြုထားသည်။ vivo သည် Supermoon Mode, Food Mode, Super Night Video နှင့် Super Group Video များထည့်သွင်းထားပြီး ဓါတ်ပုံပညာနှင့် ဗီဒီယို ပညာရပ်များအား အဆင့်မြှင့်တင်ကာ သုံးစွဲသူများအား ပြီးပြည့်စုံသော အမှတ်တရများကို ဖန်တီးနိုင်စေရန် ရည်ရွယ် ထုတ်လုပ်ထားသည်။

Smart Aura Light ပုံရိပ်သည် ဓာတ်ပုံပညာ၏ အရည်အသွေးကို မြှင့်တင်ပေးပြီး ၊ အလင်းရောင် အခြေအနေများကြောင့် ပြောင်းလဲမှုမရှိဘဲ တောက်ပသောနေ့ အလင်းရောင်တွင်ဖြစ်စေ အလင်းရောင် မရရှိသော နေရာတွင် ဖြစ်စေ၊ အရည်အသွေး မြင့်မားပြီး သဘာဝ ကျသော ဓာတ်ပုံများ ကို ဖန်တီးနိုင်စွမ်းရှိသည်။ The 50 MP OIS Ultra-Sensing Camera က ပုံထွက်ကောင်း မွန်စေပြီး studio-like aura lighting effects ကြောင့် ပိုမိုလှပတဲ့ ဓါတ်ပုံများကို ရရှိစေသည်။

2800 x 1260 ကို ပြသထားသည့် 120 Hz 3D Curved Screen သည် သုံးစွဲသူများအတွက် နှောင့်နှေးခြင်းမရှိဘဲ content များ၊ app လဲလှယ်ခြင်း၊ ဂိမ်းများ၊ လူမှုဆက်သွယ်ရေးကွန်ရက်များအတွက် အဆက်မပြတ် အသုံးပြုနိုင်သည့် ခံစားနိုင်မှုအတွေ့အကြုံတစ်ခု ပေးထားသည်။ Qualcomm Snapdragon® 778G processor ၏ စွမ်းဆောင်နိုင်သည့် လုပ်ဆောင်မှုတွေကြောင့် သုံးစွဲသူတွေအနေနှင့် စမတ်ဖုန်းကို အကြိုက်တွေ့စေသည်။

80W FlashCharge ပါရှိသော vivo V29 5G နှင့်အတူ အမြဲသွားလာနေသော အသုံးပြုသူများအတွက် လွယ်ကူလျင်မြန်သည့်အတွေ့အကြုံကို ရရှိစေနိုင်သည်။ အလုပ်များသော အလုပ်ရက်တစ်ရက်အတွက် vivo V29 5G က လုပ်ငန်းများကို စီမံခန့်ခွဲရာတွင် ထိရောက်မှုတိုးမြှင့်ပေးခြင်းဖြင့် နှောင့်နှေးမှုမရှိဘဲ ဖုန်းဖြင့်အလုပ်များစွာပြီးမြောက်နိုင်စေရန် RAM 3.0 အထိ တိုးမြှင့်ပေးနိုင်သည်။

vivo V29 5G သည် စမတ်ဖုန်း နည်းပညာတွင် အခန်းအသစ်တစ်ရပ်ကို ပုံဖော်ထားပြီး၊ အလှအပ၊ ကင်မရာ၊ စွမ်းဆောင်ရည်နှင့် ဆန်းသစ်တီထွင်မှုများတွင် ပြိုင်ဘက်မရှိသော ပေါင်းစပ်တီထွင်မှု တစ်ခုကို ပေးစွမ်းသည်။ လူ အများ၏ချီးကျူးခံရသော V စီးရီး၏ အသစ်ထွက်ရှိမှုကို ၊ အစဉ်အလာအတိုင်း ဆန်းသစ်တီထွင်မှုဖြင့် ဖန်တီးထုတ်လုပ် ထားသည်။

စမတ်ဖုန်းဈေးနှုန်းကို ပြန်လည်သတ်မှတ်ထားသည့် အခြေခံအသွင်အပြင်များနှင့် V 29 5G သည် နောက်ဆုံးပေါ် နည်းပညာ၏ အံ့ဩစရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့အလွန်ကောင်းမွန်သော စမတ်ဖုန်းသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဝင်ရောက်လာပြီး အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ ၁,၃၉၉,၈၀၀ ကျပ်ဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။

Media release: vivo