vivo V29 Series ရဲ့ Pro vsrsion ဖုန်း ဖြစ်တဲ့ vivo V29 Pro ကို ကြေညာလိုက်ပြီး တခြား V Series တွေမှာ မပါတဲ့ 12MP Portrait ကင်မရာ တပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာက 2x Zoom ကို ထောက်ပံ့ပြီး ၀.၅ မီတာကနေ ၂ မီတာ အကွာအဝေးက အရာဝတ္ထုတွေကို Focus လုပ်နိုင်ပါတယ်။

vivo V29 Pro unveiled with 2x portrait camera, Dimensity 8200 chipset

ပင်မ ကင်မရာက V29 နဲ့ တူညီပြီး 50MP IMX766 Sensor (OIS) ဖြစ်ပြီး Ultrawide ကင်မရာက 8MP ဖြစ်ပါတယ်။ အရှေ့ ကင်မရာက 50MP ဖြစ်တဲ့အတွက် အလွန်ကောင်းတဲ့ ဆဲလ်ဖီးတွေကို ဖမ်းယူပေးနိုင်မှာပါ။

Dimensity 8200 Chipset မောင်းနှင်ထားပြီး 80W Fast Charging ထောက်ပံ့တဲ့ 4,600mAh Battery ပါလာပါတယ်။

vivo V29 Pro unveiled with 2x portrait camera, Dimensity 8200 chipset

6.78” AMOLED 1260x2800p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1,000Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ 1,300 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 10-bit မျက်နှာပြင် ဖြစ်ပြီး 100% DCI-P3 Coverage နဲ့ HDR10+ စံနှုန်း ပါပါတယ်။

Vivo V29 Pro အတွက် Himalayan Blue နဲ့ Space Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8GB RAM ကို ၄၈၀ ဒေါ်လာနဲ့ 12GB RAM ကို ၅၁၅ ဒေါ်လာ သတ်မှတ်ထားပြီး ၂ လုံးစလုံးမှာ 256GB Storage ပါပါတယ်။

Ref: gsmarena