vivo သည် ၎င်း၏ ဂုဏ်သတင်းကောင်းမွန်ပြီး အရည်အသွေးမြင့်သည့် V စီးရီးတွင် နောက်ထပ်ဖြည့်စွက် ထွက်ရှိလာမည့် ‌ဖုန်းအသစ်ကို စတင်ဖြန့်ချိမည့်ရက်အား ကြေငြာလိုက်ပြီ ဖြစ်ပါသည်။ vivo V29 5G အောင်မြင်စွာပွဲဦးထွက်ပြီးနောက် vivo သည် ၎င်း၏ အသုံးပြုသူများ စိတ်အားထက်သန်စွာ စောင့်မျှော်နေသော vivo V29e အား ပြသရန် ပြင်ဆင်ထားပြီ ဖြစ်သည်။

vivo ၏ စမတ်ဖုန်းအသစ် ထုတ်လုပ်မှုသည် ၎င်း၏ ဆွဲဆောင်မှုရှိသော ဆန်းသစ်တီထွင်မှု စွမ်းရည်ကို ပြသခြင်း ၊ ၎င်း၏ တန်ဖိုးထားခံရသော V စီးရီး ကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ထားသည့် ကုမ္ပဏီ၏ တည်မြဲသော ကတိကဝတ်ကို သိသိသာသာ ပေါ်လွင်စေသည်။

vivo V29e 5G သည် မိုဘိုင်းနည်းပညာနှင့် အမြင်အာရုံဆွဲဆောင်မှုအတွက် ဆန်းသစ်တီထွင် မှုများပါဝင်ပြီး ထူးခြားကောင်းမွန်သော ကင်မရာ တပ်ဆင်ထားကာအရည်အသွေးမြင့် လှပသော အသွင်အပြင် ဒီဇိုင်း တစ်ခု ဖြစ်အောင် တီထွင်ဖန်တီးထားသည်။

vivo V29e 5G သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်‌သော download များ၊ ချောမွေ့သော ရုပ်ထွက်၊ နှေးကွေးမှုကင်းသော ဂိမ်းများအတွက် နောက်ဆုံးပေါ်နည်းပညာဖြင့် ပုံဖော်ဖန်တီးထားသည်။

Smart Color Temperature Adjustment နည်းပညာ နှင့်အတူ တိုးတက်လာခဲ့သော ၎င်း၏ Smart Aura Light နည်းပညာသည် အလင်းရောင် ထိန်းညှိပေးကာ ညဘက်ရိုက်ကူးရာတွင် အရည်အသွေးကောင်းမွန်သော portrait ပုံများ ရရှိအောင် ပံ့ပိုးပေးထားသည်။

ထို့အပြင် V29e 5G က Super Night Mode နှင့် Super Moon Mode ကို မိတ်ဆက်ပေးထားပြီး အံ့ဩစရာကောင်းလှသည့် နက္ခတ္တဗေဒနဲ့ လဓာတ်ပုံပညာကို ရိုက်ကူးရန်အတွက်လည်း MP 50 HD Front ကင်မရာဖြင့် ၎င်း၏ အသုံးပြုသူများ ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ပိုမိုမြင့်မားလာစေရန် စွမ်းဆောင် ပေးထားသည်။

vivo V29e 5G တွင် 120 Hz AMOLED Display နှင့် Slim Flat Frame ပါရှိကာ အသွင်အပြင်နှင့် လုပ်ဆောင်ချက် များ၏ပြည့်စုံသော ရောနှောမှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။ Rose Gold အရောင်သည် Nano-Scale Photoetching Technique နည်းပညာ၏ အဆင့်မြင့်မှုကို ခံစားထိတွေ့နိုင်ရန် သရုပ်ဖော်ထားပြီး၊ Forest Black အရောင်အား Fluorite AG Glass ဖြင့် ထည်ဝါခံညားစေသည်။ ထိုကဲ့သို့ စတိုင်ကျသော အရောင်များအား ရွေးချယ်ကာ လူကြီးမင်းတို့၏ စမတ်ဖုန်းအသုံးပြုမှုအတွေ့အကြုံအား မြင့်တင်နိုင်သည်။

စတင် ‌မိတ်ဆက်မှုနဲ့ပတ်သက်ပြီး vivo Myanmar ​၏ CEO ဖြစ်သည့် Mr. Nelson Ni က “ယနေ့မှာ ဆက်သွယ်ရေးအတွက် အသုံးတည့်တဲ့ ကိရိယာတစ်ခုအပြင် ဆန်းသစ်တီထွင်မှုခေတ်သစ်ကိုပါ ဖော်ပြနေတဲ့ vivo V29e 5G ကို မိတ်ဆက်ခွင့်ရခြင်းမှာ သမိုင်းမှတ်တိုင်သစ်ကို မှတ်တမ်း ရေးထိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ vivo V29e 5G ဟာဆိုရင် ကျွန်တော်တို့အနေနဲ့ စံသတ်မှတ်ချက် အသစ်တစ်ခုချမှတ်ပေးထားတဲ့ စမတ်ဖုန်းအတွေ့အကြုံ တစ်ခုကို ဖြည့်စွက်ပေးကာ လှပတဲ့ဒီဇိုင်းနဲ့ ခေတ်မီနည်းပညာကို ပေါင်းစပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပိုမို‌ ကောင်းမွန်တဲ့ဆက်သွယ်မှုနဲ့ အတွေ့အကြုံကောင်းများကိုရရှိစေနိုင်မယ့် တီထွင်မှု အားကောင်းတဲ့ စမတ်ဖုန်း တစ်မျိုးကို အသုံးပြုသူများအား ထပ်မိတ်ဆက်နိုင်ခွင့်ရတဲ့အပေါ်မှာ ကျွန်တော်တို့ အနေနဲ့ လွန်စွာမှ ဂုဏ်ယူရပါတယ်။” ဟုပြောကြားခဲ့ပါသည်။

အဆိုပါစမတ်ဖုန်းတွင် ခိုင်ခံသော 4800 mAh ဘက်ထရီ နှင့် မြန်ဆန်သော 44W FlashCharge တို့ပါရှိ ပြီး ၊ အသုံးပြု သူ များ ကို တစ် နေ့ လုံး ဆက်သွယ်အသုံးပြုနိုင်စေရန်ရည်ရွယ် ထုတ်လုပ်ထားသည်။ ၎င်း၏ စွမ်းဆောင်ရည် မြင့်သော ဖုန်းအားသွင်းစနစ်သည် အသုံးပြသူများအား အဆက်မပြတ်အသုံးပြုနိုင်သည့် အတွေ့အကြုံကို ပေးစွမ်းသည်။

Qualcomm Snapdragon® 695 Processor အပြင် 5G ဆက်သွယ်ရေးတို့နှင့်အတူ V29e 5G သည် လျှပ်စီးကဲ့သို့ လျင်မြန်သောအမြန်နှုန်းဖြင့် အသုံးပြုနိုင်ခြင်း၊ လျင်မြန်စွာ ကူးယူခြင်း၊ 5G စွမ်းဆောင်ရည်ဖြင့် လျင်မြန်စွာ download ဆွဲနိုင်ခြင်း၊ ဗီဒီယိုခေါ်ဆိုမှုများအတွက် ကောင်းမွန်သော ဆက်သွယ်ရေးစနစ်တို့ဖြင့် အဆင့်မြင့် နည်းပညာများနှင့် ထိတွေ့နိုင်ရန် ပံ့ပိုးပေးထားသည်။

V29e 5G သည် V Series ၏ နောက်ဆုံးပေါ်ဖြစ်ပြီး လှပတင့်တယ်မှု၊ ထူးခြားသော စွမ်းဆောင်ရည်၊ ခေတ်မီ ကင်မရာစွမ်းရည်များဖြင့် ပေါင်းစပ်ပုံဖော်ထားသည်။ အဆိုပါစမတ်ဖုန်းသည် ၎င်း၏ နည်းပညာနယ်ပယ် ဖန်တီးမှုပိုမိုတိုးမြှင့်ထားခြင်းဖြင့် အသုံးပြုသူများ၏ အတွေ့အကြုံများနှင့် ဘဝပုံစံများကို မြှင့်တင်ပေး လိမ့်မည် ဖြစ်သည်။

မြင့်မားသော မျှော်လင့်ချက်များနှင့်အတူ vivo V29e အား စတင်မိတ်ဆက်ဖြန့်ချိမည့် အချိန်သည် လွန်စွာနီးကပ်လာနေပြီး vivo သည် ‌စမတ်ဖုန်းဈေးကွက်အား တစ်ကြိမ်ပြန်လည်ပုံဖော်ပေးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

Media release: vivo