vivo က V30 Series ရဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်တဲ့ V30 Lite ကို ကြေညာလိုက်ပါတယ်။ အရင်က V29, V27 , V25 စသဖြင့် မဂဏန်းတွေပဲ ထွက်ခဲ့ပြီး V30 Lite ဟာ စုံဂဏန်း ဖြစ်တဲ့ ပထမဆုံး V Series ဖုန်း ဖြစ်ပါတယ်။

vivo V30 Lite unveiled with a 120Hz screen and 50MP selfie camera

vivo V30 Lite မှာ Snapdragon 695 SoC ၊ 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး Android 13 အခြေပြု FuntouchOS 13 မောင်းနှင်ထားပါတယ်။ vivo က OS Update ဘယ်လောက်ပေးမလဲ ဆိုတာ မပြောပါဘူး။

vivo V30 Lite unveiled with a 120Hz screen and 50MP selfie camera

V30 Lite မှာ 6.67” 120Hz FullHD+ E4 AMOLED မျက်နှာပြင် ပါလာပြီး 1,150 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 44W Charging ပါတဲ့ 4,800mAh Battery ပါပါတယ်။

အနောက်ဘက်မှာ 64MP Main (OIS), 8MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 50MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ၊ IP54 Rating ၊ NFC နဲ့ 5G ဆက်သွယ်မှု ပါပါတယ်။

V30 Lite ရဲ့အထူက ၇.၆၉ မီလီမီတာနဲ့ အလေးချိန်က ၁၉၀ ဂရမ် ဖြစ်ပြီး Black Forest နဲ့ Rose Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ၅၃၀ ဒေါ်လာ သတ်မှတ်ထားပြီး မက္ကဆီကိုမှာ ရောင်းချပေးလိုက်ပါပြီ။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena