vivo က ဥရောပမှာ V40 Lite ကို ကြေညာခဲ့ပြီး ဘူးထဲမှာ Charger မပါလာပါဘူး။ vivo V40 Lite ရဲ့ Specs တွေဟာ အိန္ဒိယမှာ ရောင်းချထားတဲ့ vivo V30e နဲ့ တူညီပါတယ်။ V40 Lite ဟာ ဥရောပ မော်ဒယ်နဲ့ V30e ဟာ အိန္ဒိယမော်ဒယ် ဖြစ်နိုင်ပါတယ်။

vivo V40 Lite မှာ Snapdragon 6 Gen 1 Chipset မောင်းနှင်ထားပါတယ်။ 6.78” FHD+ Curved AMOLED Display (2400×1080 Resolution) တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 14 အခြေပြု FuntouchOS မောင်းနှင်ထားပါတယ်။

LPDDR4X RAM နဲ့ UFS 2.2 Storage ထည့်သွင်းထားပြီး Amazon Spain မှာ 8/256GB Version ကို ၃၉၉ ယူရို သတ်မှတ်ထားပါတယ်။ Brown နဲ့ White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ vivo V40 နဲ့ ယှဉ်ရင် V40 Lite ဟာ Snapdragon 6 Gen 1 Chipset ကြောင့် စွမ်းဆောင်ရည် အနည်းငယ်ပိုနိမ့်ပါတယ်။

Vivo V40 Lite မှာ 44W Fast Charging ထောက်ပံ့တဲ့ 5,500mAh Battery ထည့်သွင်းထားပြီး Charger ကို သီးခြားဝယ်ယူရမှာပါ။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ e-SIM ထောက်ပံ့ပေးထားပါတယ်။

Ref : gizmochina