vivo က V40 SE 4G ကို ချက် နိုင်ငံမှာ ကြေညာလိုက်ပြီး V40 Series ထဲမှာ ပဌ္စမမြောက်ဖုန်း ဖြစ်လာပါတယ်။ နာမည်အတိုင်းပဲ 5G ဆက်သွယ်မှု မရပါဘူး။

Vivo V40 SE 4G

vivo V40 SE 4G မှာ 6.67” E4 AMOLED Display တပ်ဆင်ထားပြီး Full HD+ Resolution , 120Hz Refresh Rate , 1800 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Vivo V40 SE 4G

Snapdragon 685 Chipset မောင်းနှင်ထားပြီး 8GB LPDDR4x RAM, 128Gb/256GB UFS 2.2 Storage ထည့်သွင်းထားပါတယ်။ 80W Rapid Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု FunTouch OS 14 မောင်းနှင်ထားပါတယ်။

အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Bokeh နဲ့ Flicker Sensor ထည့်သွင်းထားပါတယ်။ ချက် မှာ ၂၁၅ သတ်မှတ်ထားပြီး Crystal Black နဲ့ Leather Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina