vivo ဟာ Revamped X Fold+ ဖုန်းကို မိတ်ဆက်နိုင်တဲ့ အနေအထားအထိ ရောက်နေပြီလို့ ယူဆရပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က vivo X Fold+ နဲ့ပတ်သက်ပြီး တရားဝင်မပြောသေးသလို ဘယ်နေ့ဘယ်အချိန်မိတ်ဆက်မယ်ဆိုတာကိုလည်း မသတ်မှတ်ရသေးပါဘူး။ ဒါပေမဲ့ တရုတ် MIIT ကတော့ vivo X Fold+ ရဲ့ ပုံရိပ်တွေကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

အသစ်လို့ ပြောပေမဲ့ အပြင်ပိုင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် “အသစ်” ဆိုတာဟာ အတွင်းအစိတ်အပိုင်းတွေမှာ ခြားနားမှုရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဓာတ်ပုံတွေမှာတော့ vivo logo ကို ဖြတ်ဆွဲထားတဲ့ အလှဆင်ဒီဇိုင်းနဲ့ အနက်ရောင်ကိုယ်ထည်ကို တွေ့မြင်နိုင်ပါတယ်။

အတွင်းအစိတ်အပိုင်းတွေကတော့ vivo X Fold+ ကို Snapdragon 8+ Gen 1 chipset နဲ့ မောင်းနှင်ထားတယ်လို့ သိရပါတယ်။ (မူရင်းက 8 Gen 1 ဖြစ်တာကြောင့် ပိုအဆင့်မြင့်လာပါတယ်) ဘက်ထရီက 4,000mAh ပမာဏဖြစ်ပြီး 80W အမြန်အားသွင်းစနစ်၊ (66W ကနေ မြင့်တက်သွား) ကို ထောက်ပံ့ပေးထားမယ်လို့ မျှော်လင့်ရပါတယ်။

မူရင်း vivo X Fold နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း မျက်နှာပြင်နဲ့ ကင်မရာတွေမှာ ပြောင်းလဲမှု မရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် 6.53-inch cover display (21:9, FHD+, 120Hz, AMOLED) နဲ့ 8.03 – inch main display (1,916 x 2,160px, 120Hz, LTPO AMOLED) ဆိုတဲ့ အဓိပ္ပါယ်ကို ဖြစ်ပေါစေပါတယ်။

Zeiss အမှတ်တံဆိပ်ကင်မရာတွေဟာ 50MP main module (1/1.57” sensor, 1.0µm, OIS), 48MP ultra wide (114°), 12MP portrait cam (2x) နဲ့ 8MP periscope (5x, OIS) တွေကို ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ ဒါတင်မသေးဘဲ ဖုန်းရဲ့ အပြင်ဘက်အခြမ်းနဲ့ အတွင်းခြမ်းတစ်ခုစီတွေမှာ Selfie ကင်မရာ နှစ်လုံး တပ်ဆင်ထားတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena