Vivo က ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်တဲ့ X Fold ကို ကြေညာထားတာ လအနည်းငယ်ပဲ ရှိသေးပေမယ့် ကုမ္ပဏီဟာ နောက်မျိုးဆက် ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပါပြီ။ Vivo X Fold S လို့ အမည်ပေးထားနိုင်ပြီး Specs တွေကို အဆင့်မြှင့်ထားမှာပါ။

Vivo X Fold S Specifications Surface; To Take on Xiaomi MIX Fold 2 and Samsung Galaxy Z Fold 4 - NewsPress Nigeria

ဒီလ အစောပိုင်းက Vivo X Fold S ရဲ့ သတင်းတွေ စထွက်ခဲ့ပြီး အခုတော့ အဆင့်မြှင့်ထားမယ့် Specs သတင်းအချက်အလက်တွေကို သိလာရပါပြီ။

Digital Chat Station က Vivo X Fold S မှာ Qualcomm Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 80W Wired Charging ပါတဲ့ 4,700mAh ဘက်ထရီ ပါလာမယ်လို့ ပြောပါတယ်။ Snapdragon 8 Gen 1 Chipset  , 4,600mAh ဘက်ထရီနဲ့ 66W Wired Charging တွေ ပါတဲ့ Vivo X Fold နဲ့ အဓိက ကွဲပြားချက်တွေ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ တခြား Specs တွေက တူညီနိုင်ပါတယ်။

အဲဒီ ကွဲပြားတဲ့ Specs တွေက ကြီးမားတယ်လို့ မပြောနိုင်ပါဘူး။ X Fold ကို ရောင်းချပြီး လအနည်းငယ်ပဲကြာတဲ့အချိန်မှာ Specs အနည်းငယ်ပဲ အဆင့်မြှင့်ထားတဲ့ X Fold S ကို လူတွေ စိတ်ဝင်စားမလားဆိုတာ စောင့်ကြည့်ရမှာပါ။ Vivo က X Fold S ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။

Ref : gsmarena