Vivo X Fold S ကို မကြာခင်က တရုတ်ရဲ့ 3C မှာတွေ့ခဲ့ရပြီး 80W Fast Charging ပါလာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ အဲဒီဖုန်းဟာ Geekbench Benchmarking Site ကို ရောက်လာပြီး အဓိက Specs တချို့ကို သိလာရပါတယ်။ အဲဒီမှာ Qualcomm ရဲ့ စွမ်းရည်မြင့် Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် 12GB RAM အထိ ပါလာမှာ ဖြစ်ပြီး ပိုကောင်းတဲ့ ဘက်ထရီ၊ 50MP Telephoto ကင်မရာနဲ့ 120Hz Refresh Rate ပါတဲ့ Resolution မြင့် မျက်နှာပြင်တွေ ပါလာမှာပါ။

Vivo

Tipster Mukul Sharma က Vivo X Fold S ကို Geekbench Website မှာ တွေ့ခဲ့တာ ဖြစ်ပြီး မော်ဒယ်နံပါတ်က V2229A ဖြစ်ပါတယ်။ အဲဒီဖုန်း Motherboard ရဲ့ Codename က Taro ဖြစ်ပြီး အဲဒါဟာ Qualcomm Snapdragon 8+ Gen 1 Chipset ဖြစ်ပါတယ်။ အဲဒီ Chipset မှာ 2.02GHz Core ၄ လုံး၊ 2.75GHz Core ၃ လုံးနဲ့ 3.19GHz Prime Core ၁ လုံး ပါပါတယ်။

Vivo-X-Fold-S-Geekbench

Processor ကို Adreno 730 GPU နဲ့ တွဲဖက်ထားပါတယ်။ Geekbench မှာ 11.01GB RAM ပါမယ်လို့ ဖော်ပြထားတဲ့အတွက် 12GB RAM ပါလာမှာပါ။ Android 12 OS အခြေပြု Customized UI ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Vivo X Fold S ဟာ Single Core ရမှတ် ၁,၃၁၉ နဲ့ Multi-core ရမှတ် ၄,၀၄၅ ရထားပါတယ်။

အရင်သတင်းတွေအရ 4,700mAh ဘက်ထရီ၊ 80W Wired နဲ့ 50W Wireless Charging တွေ ပါလာမှာပါ။ 50MP Telephoto ကင်မရာ၊ ပိုတိုးတက်လာတဲ့ Hinge နဲ့ Build Quality တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး မျက်နှာပြင်အောက် Ultrasonic လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာပါ။

Vivo X Fold S ကို စက်တင်ဘာလထဲမှာ ကြေညာမှာ ဖြစ်ပြီး မကြာခင်မှာ ကုမ္ပဏီက ကြေညာမယ့်နေ့ကို အသိပေးလာနိုင်ပါတယ်။

Ref : gizmochina