Vivo က နောက်တစ်ပတ်မှာ X Fold+ ကို ကြေညာမှာ ဖြစ်ပြီး အနီရောင် မော်ဒယ် ပါလာမယ်ဆိုတာ သိထားပြီးပါပြီ။ AnTuTu မှာ အဲဒီ စမတ်ဖုန်းကို တွေ့လာရပြီ ဖြစ်ပြီး Snapdragon 8+ Gen 1 Chipset ပါလာပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီသတင်းကို တရားဝင် ဝီဘို အကောင့်ကနေ အတည်ပြုလိုက်ပါတယ်။

vivo X Fold+ to have 80W fast charging, Snapdragon 8+ Gen 1 confirmed - GSMArena.com news

ဝီဘိုက ပို့စ်မှာ ကုမ္ပဏီက Vivo X Fold+ မှာ 80W Fast Charging နဲ့ Snapdragon 8+ Gen 1 Chipset ပါလာမယ်လို့ အတည်ပြုလိုက်ပြီး ပထမ X Fold ရဲ့ 66W ထက် ပိုတိုးတက်လာမှာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းမှာ Foldable Device အတွက် User Interface ကို အထူး ဒီဇိုင်းထုတ်ထားမှာ ဖြစ်ပါတယ်။ Vivo က X Fold+ ရဲ့ OriginOS Ocean Version အတွက် အသုံးပြုလို့ ကောင်းစေမယ့် App ၅,၀၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။

ပထမ Vivo X Fold ကို တရုတ် ပြင်ပမှာ မရောင်းချထားဘဲ Vivo X Fold+ ကို နိုင်ငံတကာမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။ Vivo X Fold ကို ဧပြီလမှာ ရောင်းချခဲ့ပြီး တရုတ်မှာ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၈,၉၉၉ ယွမ် သတ်မှတ်ခဲ့ပါတယ်။ Vivo X Fold+ ကိုလည်း အဲဒီ ဈေးလောက်နဲ့ ရောင်းချနိုင်ပြီး ဒေါ်လာနဲ့တွက်ရင် ၁,၂၇၀ ဝန်းကျင် ရှိနိုင်ပါတယ်။

Ref : gsmarena