ဝီဘိုမှာ Leakster ၁ ယောက်က vivo X100 Pro+ မှာ စွမ်းရည်မြင့်ကင်မရာ ၃ လုံး ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ လာမယ့်လတွေထဲမှာ အဲဒီ စွမ်းရည်မြင့် ဖုန်းကို ကြေညာနိုင်ပြီး 50MP Sony IMX989 Main ကင်မရာ ပါလာမှာ ဖြစ်ပြီး ၁ လက်မ အမျိုးအစားဖြစ်ပါတယ်။ Variable Aperture ထည့်သွင်းထားနိုင်ပါတယ်။

vivo X100 Pro+ Leaked Specs Suggest 200 MP Telephoto Lens - PhoneWorld

နောက်ထပ် တိုးတက်မှုက 200MP Telephoto ကင်မရာ ဖြစ်ပြီး စမတ်ဖုန်း လောကမှာတော့ ဒီလို ကင်မရာ ထည့်ထားတာ ခပ်ရှားရှား ဖြစ်ပါတယ်။

Portrait ကင်မရာက 50MP ဖြစ်ပြီး Sony IMX758 Sensor ဖြစ်ပါတယ်။ 2x Optical Zoom , AF နဲ့ OIS ပါတဲ့ vivo X90 Pro+ နဲ့ X90 Pro တို့နဲ့ တူညီမှာ ဖြစ်ပါတယ်။

vivo X100 Pro+ leaked specs suggest variable aperture and 200 MP telephoto lens - GSMArena.com news

vivo X100 Pro+ မှာ Qualcomm မကြေညာရသေးတဲ့ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားမှာပါ။ vivo က X100 Pro+ မှာ LPDDR5 RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားမှာပါ။

Leakster က IP68 ရေစိုခံစံနှုန်းနဲ့ မျက်နှာပြင်အောက်မှာ Ultrasonic လက်ဗွေရာ ကိရိယာ မြှုပ်နှံထားမယ်လို့ ပြောပါတယ်။

အထက်ဖော်ပြပါ လုပ်ဆောင်ချက်တွေဟာ ပြီးခဲ့တဲ့ နှစ်အတွင်း စွမ်းရည်မြင့် ဖုန်းတွေမှာ ထည့်သွင်းထားကြပါတယ်။ အဲဒီအတွက် vivo X100 Pro+ မှာ အဲဒီလုပ်ဆောင်ချက်တွေ ပါလာမှာက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

Ref : gsmarena