vivo ဟာ တရုတ်မှာ မကြာခင် နောက်မျိုးဆက် စွမ်းရည်မြင့် စမတ်ဖုန်းတွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ vivo X100 Series မှာ ထိပ်တန်း Specs နဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ vivo X100 Series ဟာ LPDDR5T RAM ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာမယ်လို့သတင်းထွက်လာပါတယ်။

Vivo X100 series

နာမည်ကြီး Tipster Digital Chat Station က vivo X100 Series မှာ LPDDR5T Memory နည်းပညာ အသစ် ပါလာမယ်လို့ ပြောပါတယ်။ SK Hynix ဟာ ဒီနှစ် အစောပိုင်းမှာ LPDDR5T RAM ကို ကြေညာခဲ့ပါတယ်။ အဲဒါဟာ လက်ရှိမှာ ကမ္ဘာ့ အမြန်ဆုံး Mobile DRAM Module ဖြစ်ပါတယ်။ LPDDR5T Memory ဟာ LPDDR5X RAM နဲ့ နှိုင်းယှဉ်ရင် ၁၃ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ အမြန်နှုန်းက 9.6Gbps အထိ ရှိပါတယ်။

Vivo X100 Pro+ Design Render, Camera Specifications Leak Online Ahead of  Debut: Details | Technology News

LPDDR5T Module ကို MediaTek က မကြာခင်က စမ်းသပ်ထားပြီး Samsung ရဲ့ LPDDR5X RAM ထက် စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ အဲဒီ Memory ကို MediaTek ရဲ့ စွမ်းရည်မြင့် Dimensity 9300 SoC ၊ UFS 4.0 Storage နဲ့အတူ တွဲဖက်ထားနိုင်ပါတယ်။ Dimensity 9300 ကို နိုဝင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး vivo X100 Series ဟာ အဲဒီ Chip ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။

vivo X100 Series မှာ နောက်ဆုံးပေါ် နည်းပညာ‌တွေ ထည့်သွင်းထားမှာပါ။ vivo X100 နဲ့ X100 Pro မှာ MediaTek Dimensity 9300 Chipset ပါလာမှာပါ။ စွမ်းရည်မြင့် vivo X100 Pro+ မှာ Qualcomm Snapdragon 8 Gen 3 Chipset ပါလာနိုင်ပါတယ်။

Ref : gizmochina