vivo က တရုတ်မှာ စွမ်းရည်မြင့် X100 နဲ့ X100 Pro ကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးဟာ ဒီဇိုင်းတူညီပြီး Specs အပိုင်းမှာ ကွဲပြားချက် အနည်းငယ်ပဲ ရှိပါတယ်။
ဖုန်း ၂ လုံးစလုံးမှာ 6.78” AMOLED 1.5K မျက်နှာပြင်၊ 120Hz Refresh Rate ၊ HDR10+ နဲ့ 3,000 Nits Peak Brightness ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေဖတ် ကိရိယာနဲ့ IP68 စံနှုန်း ပါပါတယ်။
ကင်မရာ အပိုင်းမှာ vivo X100 နဲ့ X100 Pro မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main (OIS) , 50MP Ultrawide Angle နဲ့ 64MP (Pro မှာ 50MP) Telephoto (3x Optical , 100x Digital Zoom) တို့ ဖြစ်ပါတယ်။
Super Telephoto ကင်မရာမှာ ZEISS စံနှုန်း Vario-APO-Sonar Lens ကို သုံးထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။ ဓါတ်ပုံ စွမ်းရည်မြင့်မားစေဖို့နဲ့ 4K Video Recording အတွက် vivo ရဲ့ V3 Imaging Chip ပါပါတယ်။
ဖုန်း ၂ လုံးစလုံးမှာ MediaTek Dimensity 9300 SoC မောင်းနှင်ထားပါတယ်။ LPDDR5T RAM နည်းပညာပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပြီး 16GB RAM နဲ့ 1TB UFS 4 Storage အထိ ထည့်သွင်းထားပါတယ်။
X100 မှာ 5,000mAh နဲ့ X100 Pro မှာ 5,400mAh Battery တပ်ဆင်ထားပြီး 120W နဲ့ 100W Wired Charging တွေ အသီးသီး ထောက်ပံ့ထားပါတယ်။ X100 Pro မှာ 50W Wireless Charging ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု OriginOS 4 မောင်းနှင်ထားပါတယ်။
ဖုန်း ၂ လုံးစလုံးအတွက် Star Trail Blue, Sunset Orange, White Moonlight နဲ့ Cheyne Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။
X100 ရဲ့ တန်ဖိုးအနည်းဆုံး 12/256GB ကို ၅၄၈ ဒေါ်လာနဲ့ တန်ဖိုးအကြီးဆုံး 16GB/1TB ကို ၇၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
X100 Pro ရဲ့ တန်ဖိုးအနည်းဆုံး 12/256GB ကို ၆၈၅ ဒေါ်လာနဲ့ 16GB / 1TB ကို ၈၂၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။
တရုတ်မှာ ဒီလ ၂၁ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။
Ref : gizmochina