vivo က X200 ကို ကြေညာလိိုက်ပြီး Zeiss ကင်မရာနဲ့ စွမ်းရည်မြင့် Chipset ထည့်သွင်းထားပါတယ်။ Dimensity 9400 မောင်းနှင်ထားပြီး 16GB RAM နဲ့ 256GB, 512GB နဲ့ 1TB Storage ထုတ်လုပ်ထားပါတယ်။

vivo X200 unveiled with Dimensity 9400, Zeiss cameras and quad-curved display

X200 မှာ 6.67” Quad Curved Display တပ်ဆင်ထားပြီး 4,500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 50MP Telephoto နဲ့ 50MP Ultrawide ကင်မရာ တပ်ဆင်ထားပါတယ်။

vivo X200 unveiled with Dimensity 9400, Zeiss cameras and quad-curved display

5,800mAh Battery ထည့်သွင်းထားပြီး အရင်နှစ်ထုတ် X100 ထက် 800mAh ပိုများလာပါတယ်။ 90W Wired Charging ပဲ ပါလာပြီး အရင်နှစ်ရဲ့ 120W ထက် ပိုနည်းသွားပါတယ်။ IP69 ရေစိုခံစံနှုန်း ပါလာပြီး X100 ရဲ့ IP68 ထက် ပိုကောင်းလာပါတယ်။

vivo X200 unveiled with Dimensity 9400, Zeiss cameras and quad-curved display

X200 Series မှာ ဖုန်းလိုင်းမမိတဲ့ နေရာမှာ ၁ ကီလိုမီတာ (၀.၆ မိုင်) အတွင်း Message ပို့နိုင်တဲ့ စွမ်းရည်  ပါလာပါတယ်။ အဲဒီ နည်းပညာကို vivo နဲ့ MediaTek တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး Bluetooth ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ OS အတွက် ဖုန်းမှာ OriginOS 5 မောင်းနှင်ထားပါတယ်။

vivo X200 unveiled with Dimensity 9400, Zeiss cameras and quad-curved display

X200 အတွက် Sapphire Blue, Titanium Grey, Moonlight White နဲ့ Carbon Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 12/256GB ကို ၆၀၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၁၉ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena