Vivo ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် X50 စီးရီးကို ဇူလိုင် ၁၆ ဝန်းကျင်မှ နိုင်ငံတကာကို မိတ်ဆက်ဖို့ ပြင်ဆင်ထားပေမယ့် မနေ့ကပဲ ကမ္ဘောဒီးယားစျေးကွက်ကို အရင်ဆုံး မိတ်ဆက်လိုက်ပါပြီ။ သိတဲ့အတိုင်း X50 စီးရီးမှာ ဖုန်းသုံးလုံးပါပေမယ့် X50 Pro+ ကို ချန်ခဲ့ပြီး Vivo X50 နဲ့ X50 Pro တို့ကိုသာ မိတ်ဆက်လာပါတယ်။

ပိုပြီး High-end ဖြစ်တဲ့ Vivo X50 Pro မော်ဒယ်မှာ 6.56” FHD+ OLED Curved Display သုံးစွဲထားပါတယ်။ 90Hz Refresh Rate ပါဝင်ပြီး 32MP ဆဲလ်ဖီးကင်မရာကိုတော့ Punch-hole ထဲမှာ ထည့်သွင်းထားတယ်။ နောက်ဘက်မှာတော့ 48MP Sony IMX598 ကင်မရာဦးဆောင်တဲ့ Quad-cam ပါဝင်ပြီး 8MP Periscope, 8MP Ultra-wide နဲ့ 13MP Portrait Lens သုံးခုဝန်းရံထားပါတယ်။

ဟန်းဆက်အတွင်းမှာ Octa-core Snapdragon 765G ချစ်ပ်ဆက်ပါဝင်ပြီး မန်မိုရီက 8/256 GB Onboard ပါပါတယ်။ 4,315 mAh ဘက္ထရီနဲ့အတူ 33W အားသွင်းစနစ်ပါဝင်လာတယ်။ Vivo X50 Pro ကို Alpha Grey ကာလာနဲ့ စတင်ရောင်းချပြီး အမေရိကန်ဒေါ်လာ ၈၅၉ (မြန်မာကျပ်ငွေ ၁၁ သိန်း ၇ သောင်း) ခန့် သတ်မှတ်ထားပါတယ်။

ပိုပြီးစျေးချိုသာတဲ့ မော်ဒယ် X50 ကတော့ အထူ 7.55mm သာရှိလို့ လက်ရှိမှာ အပါးလွှာဆုံး 5G စမတ်ဖုန်းဆိုလည်း မမှားပါဘူး။

ရိုးရိုး X50 မော်ဒယ်မှာ တူညီတဲ့ 6.56” OLED Display ကိုပဲ 90Hz Refresh Rate နဲ့ တွေ့ရမှာဖြစ်ပေမယ့် သူကတော့ Curved မဟုတ်ဘဲ Flat Display ကို အသုံးပြုထားပါတယ်။ 32MP ကင်မရာကတော့ အတူတူပါပဲ။ ကျောဘက်မှာလည်း 48MP Sony IMX598 Sensor ဦးဆောင်တဲ့ Quad-camera ပဲဖြစ်ပေမယ့် Pro ဗားရှင်းမှာလို “Gimbal-style” Stabilization နည်းပညာ အစား ပုံမှန် OIS စနစ်ကိုသာ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။ ကျန်တဲ့ကင်မရာတွေကတော့ 8MP Ultra-wide, 5MP Macro နဲ့ 13MP Portrait Lens တွေပါ။

Vivo X50 ရဲ့အတွင်းမှာ Snapdragon 730G ချစ်ပ်ဆက်နဲ့ 8/128GB မန်မိုရီအတွဲကိုအသုံးပြုထားပါတယ်။ 4,200 mAh ဘက္ထရီကလည်း 33W အားသွင်းစနစ်နဲ့ပါပဲ။ Vanilla X50 မော်ဒယ်ကိုတော့ Frost Blue နဲ့ Glaze Black ကာလာနှစ်မျိုး ရောင်းချပြီး အမေရိကန်ဒေါ်လာ ၅၅၉ (မြန်မာငွေ ၇ သိန်း ၆ သောင်းဝန်းကျင်) သတ်မှတ်ထားပါတယ်။

Ref – PlayFulDroid