Vivo က X60 Series ကြေညာမယ့် နေ့ကို တရားဝင် ကြေညာလိုက်ပါပြီ။ ဒီလ ၂၉ ရက်နေ့မှာ အဲဒီ စမတ်ဖုန်း အသစ်တွေကို မျက်ဝါးထင်ထင် မြင်ရတော့မှာ ဖြစ်ပြီး Vivo X60 Pro ဟာ Exynos 1080 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ မိတ်ဆက်ပွဲမှာ Vivo နဲ့ ဂျာမနီ ကင်မရာ ကုမ္ပဏီ Zeiss နဲ့ ပူးပေါင်းမှု အသစ်ကိုလည်း ကြေညာနိုင်ပါတယ်။

vivo X60 series officially arriving on Dec 29 with new Zeiss partnership

Vivo X60 Series ဟာ ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံး စမတ်ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။ Samsung ရဲ့ 5nm Chipset အသစ် ပါလာမှာ ဖြစ်သလို Vivo မကြာခင်က ကြေညာခဲ့တဲ့ Android အခြေပြု OriginOS အသစ် ထည့်သွင်းထားနိုင်ပါတယ်။

Vivo X50 Series မှာ မော်ဒယ် ၃ မျိုး ထွက်လာခဲ့ပြီး မျိုးဆက်သစ်မှာလည်း အဲဒီအတိုင်း ပါလာနိုင်ပါတယ်။ ဒါပေမယ့် Vivo မျှဝေထားတဲ့ ပိုစတာမှာ မော်ဒယ် ၃ မျိုး မြင်ရပေမယ့် ကင်မရာ ဗားရှင်းက ၂ မျိုးပဲ တွေ့ရပါတယ်။ အလယ်က ၁ လုံးမှာ Periscope Lens မပါတဲ့အတွက် ရိုးရိုး Vivo X60 ဖြစ်နိုင်ပြီး Vivo X60 Pro နဲ့ Vivo X60 Pro+ မှာ ကင်မရာ ဒီဇိုင်း တူညီကြတာကို တွေ့ရပါတယ်။

Vivo X60 Series ကို ကြေညာဖို့ ၂ ပတ်လောက်ပဲ လိုပါတော့တယ်။ Vivo X50 Pro+ ကို တရုတ်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ မဟုတ်သလို X60 Series ကိုလည်း တရုတ်ပြင်ပမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena