Vivo က တရုတ်မှာ ဒီနှစ် ဧပြီလက X80 Series ဖုန်းတွေကို ကြေညာခဲ့ပါတယ်။ အခုတော့ Vivo ဟာ တရုတ် ဈေးကွက်အတွက် X90 Series ကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပြီး တရုတ်က Tipster ၁ ယောက်က Vivo X90 Pro ရဲ့ Specs တချို့ကို မျှဝေလာပါတယ်။

Vivo X90 Pro? The main thing about the filling of the new flagship Vivo - GAMINGDEPUTY

Vivo X90 Pro မှာ Snapdragon 8 Gen 2 ပါလာမှာ ဖြစ်ပြီး နောက်ထွက်မယ့် စွမ်းရည်မြင့် ဖုန်းများစွာမှာ အဲဒီ SoC ပါလာမယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်ပါဘူး။ Qualcomm က နိုဝင်ဘာလမှာ ကျင်းပမယ့် Snapdragon Tech Summit မှာ SD8G2 ကို ကြေညာနိုင်ပါတယ်။

Vivo X90 Pro key specifications tipped, SD8G2, 1-inch camera, and more - TechGoing

Vivo X90 Pro မှာ 100W Fast Charging ထည့်သွင်းထားနိုင်ပြီ ပိုကြီးတဲ့ ဘက်ထရီ ပါလာနိုင်ပါတယ်။ X80 Pro မှာ 4,700mAh ဘက်ထရီ တပ်ဆင်ထားတဲ့အတွက် X90 Pro မှာ 5,000mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။

ဓါတ်ပုံအတွက် ၁ လက်မ ကင်မရာ ဆန်ဆာ ပါလာနိုင်ပါတယ်။ တရုတ်မှာ ဩဂုတ်လက ကြေညာခဲ့တဲ့ Xiaomi 12S Ultra ဟာ ၁ လက်မ ကင်မရာ ဆန်ဆာပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပြီး Sony IMX989 တပ်ဆင်ထားတာပါ။ X90 Pro မှာ အဲဒီ ကင်မရာ ပါလာမလား မသိရသေးဘဲ Periscope Zoom ကင်မရာ တပ်ဆင်ထားမယ်လို့ သတင်းထွက်လာပါတယ်။

Vivo X90 Series ကြေညာမယ့် နေ့ကို မသိရသေးပါဘူး။ Vivo X80 Series ကို တရုတ်မှာ ၂၀၂၂ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ကြေညာခဲ့တဲ့အတွက် X90 Series ကို နောက်နှစ် အဲဒီ အချိန်လောက်မှာ ချပြနိုင်ပါတယ်။

Ref : gizmochina