Vivo က တရုတ်မှာ ဧပြီလက X80 နဲ့ X80 Pro ကို ကြေညာခဲ့ပြီး အခုတော့ Vivo X90 Series ကို မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ လာမယ့်လအနည်းငယ်အတွင်း X90 Series ကို တရုတ် ပြင်ပမှာ ရောင်းချတော့မှာပါ။ တရုတ်က Tipster တွေက Vivo X90 Series ကို ဒီနှစ် မကုန်ခင် တရုတ်မှာ ရောင်းချမယ်လို့ ပြောပြီး ဒီဇင်ဘာလမှာ ဖြစ်မယ်လို့ သိရပါတယ်။

Vivo X80 Pro

Vivo က တရုတ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက S12 Series ကို ကြေညာခဲ့ပြီး ဒီနှစ် အစောပိုင်းက တရုတ်မှာ S15 Series ကို ချပြခဲ့ပါတယ်။ တချို့က Vivo S16 Series ကို ဒီနှစ် ဒီဇင်ဘာလမှာ ကြေညာမယ်လို့ ထင်ကြပေမယ့် Tipster Assen က Vivo ဟာ ဒီနှစ်ထဲမှာ S16 Series ကို မကြေညာတော့ဘူးလို့ ပြောပါတယ်။ သူက Vivo ဟာ X90 Series ကို ကြေညာမှာလို့ ပြောပါတယ်။

Snapdragon 8 Gen 2 နဲ့ ၁ လက်မ ကင်မရာ ဆန်ဆာပါလာနိုင်တဲ့ vivo X90 Pro – MyTech Myanmar

Tipster က Vivo X90 Series ရဲ့ Specs တွေကို မပြောသွားပါဘူး။ အရင်က ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ Vivo X90 Pro+ မှာ AMOLED မျက်နှာပြင်၊ Snapdragon 8 Gen 2 / MediaTek Dimensity စွမ်းရည်မြင့် Chip အသစ်၊ Vivo V2 ISP ၊ LPDDR5x RAM ၊ UFS 4.0 Storage နဲ့ 5,000mAh ဘက်ထရီတွေ ပါမယ်လို့ သိရပါတယ်။ ၁ လက်မ ကင်မရာ ဆန်ဆာ၊ Ultrawide ကင်မရာနဲ့ 5x Optical Zoom ပါတဲ့ 64MP Telephoto ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။

X90 Pro မှာ AMOLED မျက်နှာပြင်၊ Snapdragon 8 Gen 2 ၊ ၁ လက်မ ကင်မရာ ဆန်ဆာနဲ့ 100W Charging ပါတဲ့ 4,780mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ X90 မှာ 4,700mAh ဘက်ထရီ တပ်ဆင်ထားနိုင်ပါတယ်။

Ref : gizmochina