Vivo က X90 Series ရဲ့ ကင်မရာ သတင်းအချက်အလက်တွေကို ပြီးခဲ့တဲ့လက ပြောပြခဲ့ပြီး X90 Series မှာ ပထမဆုံး ပါလာမယ့် V2 Chip ကို မကြာခင်က ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက X90 Series ကြေညာမယ့် နေ့ကို မပြောသေးပေမယ့် ပေါက်ကြားလာတဲ့ ဗီဒီယို ၁ ခု အရ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ မိတ်ဆက်နိုင်ပါတယ်။ တရုတ်မှာ ဒေသစံတော်ချိန် ည ၇ နာရီမှာ ကြေညာမှာပါ။

ဗီဒီယိုမှာ Vivo X90 Pro+ ပါလာပြီး အနက်ရောင် မော်ဒယ် ဖြစ်ပါတယ်။ အရင်က အနီရောင် မော်ဒယ်ရဲ့ ဓါတ်ပုံတွေ ထွက်ခဲ့ဖူးပါတယ်။ နောက်ဗီဒီယို ၁ ခုမှာ Webpage ၁ ခုရဲ့ Screenshot ၁ ခု ပါလာပြီး X90 Series ကို တရုတ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ကာ ကြိုတင်မှာယူနိုင်မယ်လို့ ဖော်ပြထားပါတယ်။ Vivo ဟာ ၂၂ ရက်နေ့မှာ TWS 3 Series နားကြပ်ကိုပါ ကြေညာမှာပါ။

X90 Series မှာ X90, Pro နဲ့ Pro+ မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး X90 Pro+ ကို မကြာခင်က Geekbench မှာ တွေ့ခဲ့ရကာ Android 13 , 12GB RAM နဲ့ Snapdragon 8 Gen 2 SoC ထည့်သွင်းထားမှာပါ။

X90 Series ရဲ့ အဓိက အစိတ်အပိုင်းက ၁ လက်မ ဆန်ဆာ ဖြစ်ပြီး အဲဒါက IMX989 ဖြစ်နိုင်ပါတယ်။ Vivo V2 ISP Chip ပါလာမှာ ဖြစ်ပြီး ခေတ်ပေါ် AI Algorithm နနဲ့ ISP နည်းပညာကို ပေါင်းစပ်ထားမှာ ဖြစ်ပါတယ်။ Telephoto ကင်မရာအတွက် 64MP OmniVision OV64B 1/2” ဆန်ဆာကို အသုံးပြုထားမှာ ဖြစ်ပြီး 4-in-1 Pixel Binning ထောက်ပံ့ထားမှာပါ။

X80 Series မှာလို Portrait Lens တပ်ဆင်ထားမှာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာ 50MP ဆန်ဆာကို သုံးထားမှာပါ။ အဲဒီ ဆန်ဆာဟာ IMX758 ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ Vivo X90 Series မှာ Dolby Vision ကို Shooting, Editing နဲ့ Viewing အတွက် ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena