Vivo က ဒီတစ်ပတ် အစောပိုင်းမှာ X90 Series ရဲ့ ကင်မရာ သတင်းအချက်အလက် တချို့ကို မျှဝေခဲ့ပေမယ့် အသေးစိတ်သတင်းအချက်အလက်တွေကို မပြောသွားပါဘူး။ ကုမ္ပဏီက ကင်မရာ Sample တွေကိုတော့ မျှဝေခဲ့ပါတယ်။
အခုတော့ ကုမ္ပဏီရဲ့ အတွင်းလူ ၁ ယောက်က X90 ကင်မရာ စနစ်ရဲ့ အသေးစိတ်သတင်းအချက်အလက်တချို့ကို မျှဝေလိုက်ပါတယ်။ Ultrawide ကင်မရာအကြောင်း မပါလာပေမယ့် တခြား ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေ ပါလာပါတယ်။ Vivo X90 Pro နဲ့ Pro+ ရဲ့ ကွဲပြားခြားနားမှုတွေကိုလည်း မသိရသေးပါဘူး။
X90 Series မှာ ၁ လက်မ ဆန်ဆာ ပါလာမှာ ဖြစ်ပြီး အဲဒါက IMX989 ဖြစ်နိုင်ပါတယ်။ Vivo V2 ISP Chip ပါလာမှာ ဖြစ်ပြီး ခေတ်ပေါ် AI Algorithm နနဲ့ ISP နည်းပညာကို ပေါင်းစပ်ထားမှာ ဖြစ်ပါတယ်။ Telephoto ကင်မရာအတွက် 64MP OmniVision OV64B 1/2” ဆန်ဆာကို အသုံးပြုထားမှာ ဖြစ်ပြီး 4-in-1 Pixel Binning ထောက်ပံ့ထားမှာပါ။
X80 Series မှာလို Portrait Lens တပ်ဆင်ထားမှာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာ 50MP ဆန်ဆာကို သုံးထားမှာပါ။ အဲဒီ ဆန်ဆာဟာ IMX758 ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။
Vivo X90 Series မှာ Dolby Vision ကို Shooting, Editing နဲ့ Viewing အတွက် ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ X90 Series ကို ဒီဇင်ဘာလမှာ ကြေညာမယ်လို့ ထင်ရပြီး မိတ်ဆက်ပွဲ မတိုင်ခင် သတင်းအချက်အလက်တွေ ပိုမိုထွက်လာနိုင်ပါတယ်။
Ref : gsmarena