Vivo X90 Series ကို ဒီဇင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး စွမ်းရည်မြင့် X90 Pro+ မှာ Snapdragon 8 Gen 2 Chipset နဲ့ စွမ်းရည်မြင့် ကင်မရာတွေ ပါလာမှာ ဖြစ်ပါတယ်။ အခုတော့ ရိုးရိုး Vivo X90 ရဲ့ သတင်းတွေ ပေါက်ကြားလာပြီး Dimensity 9200 Chipset နဲ့ 120W Fast Charging တွေ ပါလာမယ်လို့ သိရပါတယ်။

vivo X80

Digital Chat Station က ဝီဘိုမှာ Vivo X90 ရဲ့ Specs တွေကို မျှဝေထားပြီး မျက်နှာပြင် Resolution ဟာ 1.5K ရှိမယ်လို့ ပြောပါတယ်။ Vivo X90 ဟာ IP စံနှုန်းပါတဲ့ X Series ရဲ့ ပထမဆုံး ရိုးရိုး မော်ဒယ် စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး Pro မော်ဒယ်တွေမှာတော့ IP စံနှုန်းက ပါနေကျ ဖြစ်ပါတယ်။

Vivo X90 Tipped With Dimensity 9200 SoC, 120W Fast Charging; Better Than Samsung Galaxy S23? - Gizbot News

Dimensity 9200 Chipset ကို MediaTek က မကြေညာရသေးပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်လာတဲ့ Benchmark ဒေတာတွေအရ စွမ်းဆောင်ရည်ဟာ ၂၆ ရာခိုင်နှုန်း တိုးတက်လာမှာ ဖြစ်ပါတယ်။ Vivo X90 ဟာ ဘက်ထရီ ပမာဏ ပိုကြီးလာပြီး ပေါက်ကြားသတင်းတွေအရ 4,700mAh Dual Cell ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အရင်က ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ Vivo X90 Pro+ မှာ AMOLED မျက်နှာပြင်၊ Snapdragon 8 Gen 2 / MediaTek Dimensity စွမ်းရည်မြင့် Chip အသစ်၊ Vivo V2 ISP ၊ LPDDR5x RAM ၊ UFS 4.0 Storage နဲ့ 5,000mAh ဘက်ထရီတွေ ပါမယ်လို့ သိရပါတယ်။ ၁ လက်မ ကင်မရာ ဆန်ဆာ၊ Ultrawide ကင်မရာနဲ့ 5x Optical Zoom ပါတဲ့ 64MP Telephoto ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။

X90 Pro မှာ AMOLED မျက်နှာပြင်၊ Snapdragon 8 Gen 2 ၊ ၁ လက်မ ကင်မရာ ဆန်ဆာနဲ့ 100W Charging ပါတဲ့ 4,780mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။

Ref : gsmarena