vivo X90 ကို ကြေညာပြီး ၇ လအကြာမှာ vivo X90s ကို ချပြလိုက်ပါတယ်။ နာမည်အတိုင်းပဲ ဖုန်း အသစ်မှာ တိုးတက်မှု အနည်းပဲပါလာပြီး Dimensity 9200+ Chipset အသစ် ထည့်သွင်းထားပါတယ်။ White နဲ့ Green အရောင် အသစ် ၂ ခု ထုတ်လုပ်ပေးထားပါတယ်။

vivo X90s announced with Dimensity 9200+ and Wi-Fi 7 connectivity

ကျန်တဲ့ Specs တွေက vivo X90 နဲ့ တူညီပါတယ်။ vivo X90s မှာ 6.78” AMOLED 2800x1260p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ UFS 4.0 Storage နဲ့ LPDDR 5X RAM ပါလာပါတယ်။

အနောက်ဘက်မှာ 50MP Main , 12MP Ultrawide နဲ့ 12MP Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ Android 13 အခြေပြု  vivo OriginOS 3 မောင်းနှင်ထားပြီး 120W Fast Charging ပါတဲ့ 4,810mAh Battery ထည့်ထားပါတယ်။

ဈေးနှုန်း

vivo X90s ကို တရုတ်က vivo နဲ့ မိတ်ဆက်စတိုးတွေမှာ ရောင်းချပေးထားပါတယ်။

Ref : gsmarena