vivo က တရုတ်မှာ Y Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ vivo Y100 5G လို့ အမည်ပေးထားပြီး 6.78” OLED မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate နဲ့ Full HD+ Resolution ထောက်ပံ့ထားပါတယ်။
vivo Y100 5G မှာ Snapdragon 695 SoC မောင်းနှင်ထားပြီး 12GB LPDDR4X RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ 12GB Virtual RAM ကိုလည်း အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 64MP Main (OIS) နဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။
44W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး IP54 ရေစိုခံစံနှုန်း၊ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ၊ Android 13 အခြေပြု OriginOS Custom Skin နဲ့ Face Recognition စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။
vivo Y100 5G အတွက် Starry Black, Glass Blue နဲ့ Texture ပါတဲ့ အထူးထုတ် Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 8GB+128GB Version ကို ၁,၃၉၉ ယွမ် (၁၉၁ ဒေါ်လာ) ၊ 8GB+256GB နဲ့ 12GB+256GB ကို ၁,၅၉၉ ယွမ်(၂၁၈ ဒေါ်လာ)နဲ့ ၁,၇၉၉ ယွမ် (၂၄၅ ဒေါ်လာ) အသီးသီး သတ်မှတ်ထားပါတယ်။ စွမ်းရည် အမြင့်ဆုံး 12GB+512GB ကို ၁,၉၉၉ ယွမ် (၂၇၃ ဒေါ်လာ) ကျသင့်ပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ ရောင်းချမှာပါ။
Ref : gizmochina