vivo က စင်ကာပူမှာ Y17s ကို ကြေညာလိုက်ပြီး စွမ်းရည်နိမ့် တန်ဖိုးနည်း ဖုန်း ဖြစ်ပါတယ်။ vivo Y17s မှာ MediaTek Helio G85 Chipset မောင်းနှင်ထားပြီး 6.56” IPS LCD 720p မျက်နှာပြင် တပ်ဆင်ထားကာ 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။

vivo Y17s launched in Singapore with Helio G85 and 50MP main camera

840 Nits Peak Brightness ထုတ်လုပ်ပေးနိုင်ပြီး 6GB RAM/128GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားကာ microSD Card Slot ပါပါတယ်။

ကင်မရာအကြောင်းပြောရရင် အနောက်ဘက်မှာ 50MP f/1.8 Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 8MP f/2.0 ဖြစ်ပါတယ်။

vivo Y17s launched in Singapore with Helio G85 and 50MP main camera

vivo Y17s မှာ 5,000mAh Battery ထည့်သွင်းထားပြီး နှေးကွေးတဲ့ 15W Charging ပဲ ထောက်ပံ့ထားပါတယ်။ Android 13 အခြေပြု Funtouch OS 13 မောင်းနှင်ထားပြီး ထူးခြားတာက ရေစက်ရေပေါက်နဲ့ ဖုန်မှုန့်တွေကို ကာကွယ်နိုင်တဲ့ IP54 စံနှုန်း ပါလာတာပါ။

vivo Y17s ကို စင်ကာပူမှာ SGD 199 ( ၁၄၆ အမေရိကန် ဒေါ်လာ) နဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး Glitter Purple နဲ့ Forest Green ၂ ရောင် ထုတ်လုပ်ထားပါတယ်။ စင်ကာပူမှာ အရင်ဆုံး ရောင်းချပြီး နောက်ပိုင်းမှာ တခြား အာရှနိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena