vivo က မေလမှာ Y18 ကို အိန္ဒိယမှာ ကြေညာခဲ့ပြီး အခုတော့ Y18i ကို အဲဒီမှာ မိတ်ဆက်လိုက်ပါတယ်။ vivo Y18i မှာ Unisoc T612 SoC မောင်းနှင်ထားပြီး Android 14 အခြေပြု Funtouch OS 14 ပါပါတယ်။ 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

vivo Y18i arrives with 90Hz screen and 5,000 mAh battery

vivo Y18i မှာ 6.56” HD+ LCD Display ပါလာပြီး 90Hz Refresh Rate , 528 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 13MP Main , 0.08MP Auxiliary ကင်မရာ ၂ လုံး ပါပါတယ်။

15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး IP54 Rating နဲ့ စတီရီယို စပီကာတွေ ပါပါတယ်။ Y18i ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တဲ့ Y03t ကို အမည်ပြောင်းထားတာ ဖြစ်ပြီး Y03t မှာတော့ Bluetooth 5.0 အစား 5.2 နဲ့ 128GB Storage Option အပို ပါပါတယ်။

Update] Vivo Y18i with Unisoc T612, 5000mAh battery launched in India:  price, specifications

vivo Y18i အတွက် Space Black နဲ့ Gem Green အရောင်တွေ ထုတ်လုပ်ထားပြီး ၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ vivo India Website ကနေ ရောင်းချပေးမှာ ဖြစ်ပြီး မြေပြင် စတိုးတွေကနေလည်း ဝယ်ယူနိုင်မှာပါ။

Ref : gsmarena