~ Vivo Y20 တွင် 5,000 mAh အားရှိသည့် ပမာဏကြီးမားသည့် Battery ထည့်သွင်းတပ်ဆင်ထားမည်။

~ Vivo Y20 နောက်ကျောပြင်တွင် ကင်မရာ (၃) လုံး (13MP + 2MP + 2MP) ပါ AI Triple Macro Camera စနစ် ပါရှိမည်။

~ Y20 စမတ်ဖုန်းအသစ်၏ ထူးခြားချက်တစ်ခုမှာ အသုံးပြုသူများ လွယ်ကူအဆင်ပြေစေရန် လုပ်ဆောင်ချိန် ၁ စက္ကန့် အောက်သာ ကြာမြင့်ပြီး ဖုန်း၏ ဘေးဖက်တွင် တပ်ဆင်ပေးထားသည့် လက်ဗွေဖတ်ရှုသည့်စနစ်ပင် ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သည့် Vivo ၏ Y စီးရီး နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်သည့် Y20 ကို မြန်မာနိုင်ငံစျေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Y20 စမတ်ဖုန်းသည် 5000mAh အားရှိသည့် ပမာဏကြီးမားသည့် ဘက်ထရီကို ထည့်သွင်းတပ်ဆင်ပေး ထားပြီး နောက်ကျောပြင် ကင်မရာစနစ်တွင် AI Macro Triple ကင်မရာ (13MP + 2MP + 2MP) တပ်ဆင်ပေးထားသလို သုံးစွဲသူများ၏ ဘဝအခိုက်အတန့်များကို ပြည့်စုံကောင်းမွန်စွာဖြင့် အသေးစိတ် ရိုက်ကူးပေးနိုင်သည့် macro နှင့် bokeh ကင်မရာလုပ်ဆောင်ချက်များနှင့် Selfie စွမ်းရည်များလည်း ပါဝင်သည်။ ကြာရှည်သုံးစွဲနိုင်သည့် ဘက်ထရီသက်တမ်း သည် Vivo Y20 ၏ အဓိက အားသာချက်ပင်ဖြစ်ပြီး reverse charging လုပ်ဆောင်ချက် ပါဝင်သည့် AI သုံး ဘက်ထရီပါဝါ ချွေတာမှုစနစ် ပါဝင်သည်။ ထို့အပြင် ဖုန်းဖွင့်ခြင်း (Unlock) ကို စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပြီး ဆန်းသစ်ကောင်းမွန် စွာဖြင့် ဖန်တီးထားသည့် ဖုန်း၏ဘေးဘက်တွင် တပ်ဆင်ထားသည်လည်း ပါ၀င်သည်။

လူငယ်များအတွက် အဓိကထား ထုတ်လုပ်ထားသည့် Vivo ၏ Y Series စမတ်ဖုန်းများသည် နည်းပညာကို စိတ်ဝင် စားသော လူငယ်လူရွယ်များ၏ နေ့စဉ်ဘဝများကို အထောက်အပံ့ဖြစ်စေမည့် ဆန်းသစ်သော နည်းပညာများနှင့် ဆွဲဆောင်မှုရှိသည့် ပုံစံဒီဇိုင်းတို့ကြောင့်လူသိများသည်။ သုံးစွဲသူများ၏အကြိုက် ပုံစံဒီဇိုင်းနှင့် ဆန်းသစ်တီထွင်မှုများကို အလေးထားဖန်တီးထုတ်လုပ်ရန် ထားရှိထားသည့် ကတိကဝတ်အတိုင်း ယခု အသစ်ထုတ်လုပ်လိုက်သည့် Vivo Y20 ကို ကျစ်လစ်ပေါ့ပါး၊ လှပသေသပ်ပြီး ကိုင်တွယ်အသုံးပြုရန် လွယ်ကူကာ ဆွဲဆောင်မှုရှိသော တောက်ပြောင်သည့် 2.5D ကိုယ်ထည်ဖြင့် ဖန်တီးထုတ်လုပ်ထားသည်။ ထို့အပြင် လူငယ်များ၏ နေ့စဉ်ဘဝကိုပြီးပြည့်စုံစေမြည့် မျက်စိကျစရာ Obsidian Black နှင့် Dawn White အရောင် (၂) ရောင်ဖြင့် ထုတ်လုပ်ထားသည်။ Y20 တွင် နေ့စဉ်အသုံးပြုမှု ပုံစံနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်ပြီး ဖုန်းဖွင့်ခြင်း (Unlock) လုပ်ဆောင်ချက်ကို တုံ့နှေးမှုမရှိပဲ လွယ်ကူစွာ ဆောင်ရွက် နိုင်သည့် ဖုန်း၏ ဘေးဖက်တွင် တပ်ဆင်ထားသည့် လက်ဗွေစနစ် ပါဝင်သည်။ သုံးစွဲသူများ အနေဖြင့် လက်ဗွေဖတ် လုံခြုံ ရေးစနစ် (Fingerprint Sensor) (သို့) ခေတ်ပေါ် မျက်နှာဖတ် လုံခြုံရေးစနစ် (Face Unlock) လုပ်ဆောင်ချက်တို့ဖြင့် ဖုန်းလုံခြုံရေးကို တိုးမြှင့်ရန်အတွက် အသုံးပြုနိုင်သည်။

Y20 ၏ နောက်ကျောပြင် ကင်မရာစနစ်သည် အဆင့်မြင့် နည်းပညာသုံး ကင်မရာ (၃) လုံးတပ် AI Macro Triple ကင်မရာစနစ်ဖြစ်ပြီး 13MP+2MP Macro ကင်မရာနှင့် 2MP Bokeh လုပ်ဆောင်ချက်များ ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် မြင်ကွင်းကို လျင်မြန်ချောမွေ့စွာ ပြောင်းလဲနိုင်ပြီး ရုပ်ပုံအရည်အသွေးကို ထိခိုက်စေခြင်းမရှိဘဲ လှပ ကောင်းမွန်သည့် ရိုက်ချက်များကို ရိုက်ယူနိုင်မည် ဖြစ်သည်။

စမတ်ဖုန်းတွင် မျက်စိထိခိုက်မှုကို ကာကွယ်ပေးသော နည်းပညာ ပါ၀င်သည့် ၆.၅၁ လက်မအရွယ် Halo Display မျက်နှာပြင်အား တပ်ဆင်ပေးထားသဖြင့် ထူးခြားကောင်းမွန်ပြီး ကန့်သတ်မှုမရှိသည့် ပြိုင်ဖက်ကင်း ဖျော်ဖြေရေး အတွေ့ အကြုံများအား ခံစားရရှိနိုင်မည် ဖြစ်သည်။ ကြာရှည်အသုံးပြုနိုင်သည့် ဘက်ထရီ၊ မျက်စိထိခိုက်မှုကို ကာကွယ်မှုပေးသည့် မျက်နှာပြင်တို့ကြောင့် Y20 စမတ်ဖုန်းသည် ရုပ်ရှင်ဇာတ်လမ်းများကို စွဲမက်နစ်မြောစွာ ကြည့်ရှုခြင်း အတွေ့အကြုံနှင့် အဆင့်မြင့် ဂိမ်းကစားခြင်းများ အတွက် အကောင်းဆုံးသော မိတ်ဖက်ပင် ဖြစ်သည်။

Y20 တွင် စွမ်းဆောင်ရည်မြင့်မားသည့် Qualcomm Snapdragon 460 ပရော်ဆက်ဆာကို အသုံးပြုထားပြီး အမြန်နှုန်းနှင့် စွမ်းဆောင်ရည် မြင့်မားကောင်းမွန်စေရန် 3GB RAM မှတ်ဉာဏ်နှင့် 64 GB သိုမှီးမှုပမာဏ (microSD ကဒ်ဖြင့် 256GB အထိတိုးချဲ့နိုင်) ထည့်သွင်းတပ်ဆင် ပေးထားသည်။ ထို့အပြင် Ultra Game Mode လုပ်ဆောင်ချက်ဖြင့် အဆင့်မြင့် ဂိမ်းများဆော့ကစားခြင်းကို ပြတ်တောက်မှုမရှိစေပဲ စိတ်တိုင်းကျ ဆော့ကစားနိုင်မည် ဖြစ်သည်။

“ထူးခြားကောင်းမွန်တဲ့ ကင်မရာလုပ်ဆောင်ချက်တွေ၊ ကြီးမားတဲ့ဘက်ထရီပမာဏ၊ မျက်စိစွဲစရာ အရောင်တွေနဲ့ Ultra-game Mode တို့ပါဝင်ပြီး အလယ်အလတ်တန်း စမတ်ဖုန်းအသုံးပြုလိုသူတွေအတွက် အကောင်းဆုံးသော အတွေ့အကြုံ တွေကို ပေးအပ်နိုင်မယ့် ယခုနောက်ဆုံးထုတ် Y20 စမတ်ဖုန်းနဲ့ အတူ ကျွန်တော်တို့ရဲ့ Y Series ကို အားဖြည့်လိုက်ပါတယ်။ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော လူငယ်တွေကို ဗဟိုပြုတဲ့ အမှတ်တံဆိပ် (Brand) ဖြစ်တာနဲ့အညီ ခေတ်မှီဆန်းသစ် သော နည်းပညာများဖြင့် ဖန်တီးထားပြီး စတိုင်ကျလှပတဲ့ စမတ်ဖုန်းများကို တန်ဖိုးအသင့်ဆုံး ဈေးနှုန်းတစ်ခုနဲ့ ရရှိနိုင် အောင် အမြဲကြိုးစားလျက်ရှိပါတယ်။ သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို အဆင်ပြေစေရန် ရည်ရွယ်ပြီး အသုံးပြုရ လွယ်ကူမှု၊ မျက်လုံးကို ကာကွယ်ပေးသည့် မျက်နှာပြင်၊ ဂိမ်းကစားခြင်းတို့အတွက် ကြီးမားသော ဘက်ထရီ ပမာဏနဲ့ စွမ်ဆောင်ရည်မြင့် ပရော်ဆက်ဆာတို့ကို အသုံးပြုခြင်းစတဲ့ Multimedia လုပ်ဆောင်ချက်များကို ထောက်ပံ့ ပေးနိုင်ရန် အဓိကထားပြီး Y20 ကို ဖန်တီးထုတ်ထားပါတယ်” ဟု Vivo Myanmar ၏ Chief Operation Officer ဖြစ်သူ Mr.Nelson Ni မှ Y20 စမတ်ဖုန်းအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

VIVO Y20 ၏ အသေးစိတ် အချက်အလက်များ

ကြာရှည်ခံသည့် ဘက်ထရီနှင့် မြန်ဆန်မှုကို ကြိုက်နှစ်သက်သူများအတွက် မြင့်မားသောစွမ်းဆောင်ရည်

Y20 စမတ်ဖုန်းတွင် ပမာဏကြီးမားသည့် 5000mAh အား ဘက်ထရီ ပါဝင်သောကြောင့် ကြာရှည်စွာ အသုံးပြုနိုင်သည့် အတွေ့အကြုံကို ဖန်းတီးပေးထားသည်။ AI နည်းပညာဖြင့် စွမ်းအင်ချွေတာသည့် လုပ်ဆောင်ချက် ပါဝင်သောကြောင့် ဘက်ထရီအား အပြည့်သွင်းထားပါက အင်တာနက်ပေါ်မှ တဆင့် HD ရုပ်ရှင် တိုက်ရိုက် ကြည့်ရှုခြင်းကို ၁၆ နာရီကြာ သို့မဟုတ် စွမ်းရည်မြင့် ဂိမ်းဆော့ကစားခြင်းကို ၁၁ နာရီကြာ ဆောင်ရွက်နိုင် မည်ဖြစ်သည်။ 10W အားသွင်းကြိုး ပါဝင်ပြီး OTG cable ဖြင့် အခြားဖုန်းများကို ပြန်လည်အားသွင်း ပေးနိုင်သည့် Reverse Charging လုပ်ဆောင်ချက်လည်း ပါဝင်သည်။

Y20 တွင် စွမ်းဆောင်ရည် မြင့်မားသည့် Qualcomm Snapdragon 460 ပရော်ဆက်ဆာနှင့်အတူ 3GB RAM မှတ်ဉာဏ်နှင့် သုံးစွဲသူများ၏ သိုမှီးမှုပမာဏ လိုအပ်ချက်များအတွက် 64 GB ROM တပ်ဆင်ထားပြီး Funtouch OS 10.5 (Android 10) ကို အသုံးပြုထားသည်။ Micro SD Card ဖြင့် သိုမှီးမှုပမာဏကို 256GB အထိ တိုးမြှင့်နိုင်ရန် ဆောင်ရွက်ပေးထားသဖြင့် မိမိတို့နှစ်သက်ရာ တေးသီချင်း၊ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံများကို စိတ်တိုင်းကျ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ ထို့အပြင် စမတ်ဖုန်း၏ ယေဘူယျ လုပ်ဆောင်ချက်များ အားလုံးကို Vivo ၏ မူပိုင်နည်းပညာ Multi Turbo 3.0 က စီမံထိန်းချုပ်ပြီး AI Turbo နည်းပညာဖြင့် လုပ်ဆောင်ချက်ပိုင်း မူမမှန်မှုများကို မဖြစ်မှီ ကြိုတင်ခန့်မှန်းပြီး ဖြေရှင်း ပေးနိုင်သည်။

• ဂိမ်းကစားခြင်း ခံစားမှုအတွေ့အကြုံ

ပရော်ဖက်ရှင်နယ်အဆင့် ပြင်းထန်သည့် ယှဉ်ပြိုင်မှုပုံစံများကို နေ့စဉ်ဂိမ်းကစားခြင်း အနေအထားအတွက် ဖန်တီး ဖော်ဆောင်ပေးနိုင်သည့် အသစ်စက်စက် Esports Modeကို FOS 10.5 ၏ Ultra Game Mode တွင် ထည့်သွင်း ပေးထားသဖြင့် ထူးခြားသည့် ဂိမ်းကစားခြင်း အတွေ့အကြုံများကို ရရှိခံစားမည်ဖြစ်သည်။

Esports Mode ၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် Pop-up Window Optimization ကြောင့် 4D Game Vibration 2.0 က ဂိမ်းကစားသူများကို စစ်မြေပြင်ကို အမှန်တကယ် ရောက်ရှိသွားသကဲ့သို့သော ခံစားမှုအတွေ့အကြုံများကို ပေးစွမ်း နိုင်သည်။ ပြောင်မြောက်စွာ အနိုင်ရရှိရေး အပြည့်အဝ အာရုံစိုက်နိုင်ရန် ဖုန်း၏ သတိပေးချက်များ (Notifications) နှင့် အဝင် ဖုန်းခေါ်ဆိုမှုများကို တားဆီးဖယ်ရှား ပေးနိုင်သည်။ အသစ်ထည့်သွင်းထားသော Game Album နှင့် မျက်နှာပြင် ဗီဒီယိုဖမ်းယူခြင်း (Screen Recording) လုပ်ဆောင်ချက်ကို Sliding Sidebar ကို တစ်ချက်နှိပ်ယုံဖြင့် ဖွင့်နိုင်မည်ဖြစ်သည်။ ဂိမ်းကစား မျက်နှာပြင် ပုံရိပ်ဖမ်းယူမှု (Screen Grab) နှင့် ဗီဒီယိုဖမ်းယူမှု (Screen Recording) တို့ကို သက်ဆိုင်ရာ Game Album တွင် အလိုအလျောက် သိမ်းဆည်းပေးမည်ဖြစ်သည်။ ထို့ပြင် တမူထူးခြားသည့် Smart Game Countdown လုပ်ဆောင်ချက်သည် ဂိမ်းကစားသူ၏ ကိုယ်စားပြုအရုပ် (Avatar) အသက်ပြန်မဝင်လာမီ ကျန်ရှိသော အချိန်ကို စောင့်ကြည့်နိုင်၍ ဂိမ်းမှ ထွက်ပြီး ခေတ္တခဏ မိမိနှစ်သက်ရာိကု သုံးပြုရန် ဖန်းတီးပေးထားသည်။ Floating window သည် countdown ကိုပြသနေပြီး ရပ်သွားပါက တစ်ချက်နှိပ်ယုံဖြင့် ဂိမ်းကစားခြင်း ကိုချက်ချင်းလုပ်ဆောင်နိုင်သည်။

• ဓါတ်ပုံချစ်မြတ်နိုးသူများနှင့် ဝါသနာအိုးများ ထူးခြားသည့် AI ကင်မရာ

Y20 တွင် ထူးခြားဆန်းသစ်သည့် 2MP Macro ကင်မရာ၊ 2MP Bokeh နှင့် 13MP ပင်မကင်မရာတွင် ပါဝင်သည့် AI Macro Triple ကင်မရာစနစ် ပါဝင်ပြီး AI triple နောက်ကျောပြင် ကင်မရာနှင့် 8MP ရှေ့ဖက် ကင်မရာတို့ ပါဝင်သည်။ 13MP ပုံထွင်နှုန်းရှိသည့် နောက်ကျောပြင် ကင်မရာတွင် f/2.2 ကြီးမားသော aperture နှင့် PDAF နည်းပညာတို့ကြောင့် အသေးစိတ် ရှင်းလင်းအောင်ရိုက်ကူးနိုင်သည်။ အဆင့်မြင့် bokeh algorithm၏ ကျေးဇူးကြောင့် 2MP Bokeh ကင်မရာသည် တိကျမှန်ကန်ပြီး ပြီးပြည့်စုံမှုကိုရရှိနိုင်သည်။ ကင်မရာကို Face Beauty၊ Portrait Light Effects နှင့် breath-taking selfies အတွက် Selfie Filters လုပ်ဆောင်ချက်များ ပံ့ပိုးပေးထားသည်။ မျက်လုံးရှေ့မှောက်တွင် မြင်တွေ့နေရသော လှပသောအရာများကို ကောင်းမွန်သော ရိုက်ချက်များ အဖြစ် ချောမွေ့စွာပြောင်းလဲ ပုံဖေါ်နိုင်သည်။ အဆင့်မြင့် ကင်မရာနည်းပညာများ ပါဝင်သော Y20၏ ပုံတူရိုက်ကူးမှုများသည် ပိုမိုသက်ဝင်၍ အရည်အသွေးကောင်းသည့် မဂ္ဂဇင်းအဖုံးအဖြစ်အသုံးပြုနိုင်ရန် နက်ရှိုင်းစွာ ဖန်းတီးပေးနိုင်သည်။

• ဆန်းသစ်တီထွင်မှု၊ ဆွဲဆောင်မှုရှိသည့် ပုံစံဒီဇိုင်းနှင့် ဈေးကွက်ကို ဦးဆောင်ပုံဖော်ခြင်း

Y20 စမတ်ဖုန်းတွင် တပ်ဆင်ပေးထားသည့် ၆.၅၁ လက်မအရွယ် HD+ HALO မျက်နှာပြင်သည် မျက်လုံးထိခိုက်မှုအား ကာကွယ်ပေးနိုင်ပြီး အမြင်အာရုံ ခံစားမှုအတွေ့အကြုံအသစ်များကို ပေးစွမ်းသွားမည်ဖြစ်သည်။ ထူးခြားကောင်းမွန်သည့် 1600 x 720 (HD+) ပုံထွက်နှုန်း၊ စွဲမက်ဖွယ်ရာ 20:9 မျက်နှာပြင် အချိုးအစားတို့ဖြင့် အသုံးပြုသူများအတွက် ဖျော်ဖြေရေးဆိုင်ရာ အတွေ့အကြုံကောင်းများ ပေးအပ်နိုင်လိမ့်မည်။ မျက်နှာပြင် အရွယ်အစားသည် ယခင်ကထက် ပိုမို ကြီးမားလာသလို ပိုမိုစွဲမက်ဖွယ်ရာလည်းကောင်းပြီး နောက်ဆုံးပေါ် In-Cell နည်းပညာကို အသုံးပြုထားသဖြင့် စိုစွတ် တောက်ပသည့် အရောင်များကို မြင်တွေ့နိုင်မည်ဖြစ်သည်။

တုံ့ပြန်မှုအား ညက်ညောကောင်းမွန်သည့် Multi-touch မျက်နှာပြင်ကြောင့် မိမိတို့၏ အကြိုက်ဆုံး ဂိမ်းများအား ဆော့ ကစားခြင်းနှင့် ဗီဒီယိုများ ကြည့်ရှုခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသုံးပြုသူများအတွက် အလေးအနက်ထား စဉ်းစားကာ ထည့်သွင်းပေးထားသော Eye Protection Mode သည် အမြင်အာရုံထိခိုက်မှုအား ထိခိုက်စေသည့် အပြာ ရောင်ခြည်ကို တစ်နေ့တာလုံး ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။

စမတ်ဖုန်း၏ ဘေးဖက်တွင် တပ်ဆင်ထားသည့် ထူးခြားဆန်းသစ်သည့် လက်ဗွေစနစ်တွင်လည်း Y20 စမတ်ဖုန်းတွင် ပါရှိသည်။ ဤလုံခြုံရေးစနစ်သည် မိမိ၏ ဖုန်းအသုံးပြုမှုပုံစံကို ပိုမိုလိုက်လျောညီထွေဖြစ်စေပြီး လေ့လာပြီး တုံ့ပြန် ဆောင်ရွက်သလို ဤလက်ဗွေဖတ် လုံခြုံရေးစနစ်သည် ၀.၂၂ စက္ကန့်အတွင်း၌ပင် အလိုအလျောက် သိရှိနိုင်သော အာရုံခံ စနစ်ဖြင့် lockscreen ကို ချက်ချင်းဖွင့်စေနိုင်အောင် ထုတ်လုပ် ထားခြင်းဖြစ်သည်။

• ပြေပြစ်ချောမွေ့သည့် သုံးစွဲမှုအတွေ့အကြုံအတွက် စမတ်ဖုန်း၏ စီမံခန့်ခွဲမှု

Y20 တွင် လွယ်ကူချောမွေ့စွာ ကိုင်ဆောင်အသုံးပြုနိုင်ပြီး စမတ်ဖုန်း အတွေ့အကြုံကောင်းများ ရရှိ နိုင်ရန် အတွက် ထပ်မံ ဖြည့်စွက်ထားသော ထပ်ဆောင်းလုပ်ဆောင်ချက်များလည်း ပါရှိသည်။ Settings ထဲ၌ ထပ်မံ ထည့်သွင်းထားသော လုပ်ဆောင်ချက်အသစ်သည် အသုံးပြုသူများ အနေဖြင့် screen animation များကို စိတ်ကြိုက်ပြုလုပ်နိုင်မည့် ရွေးချယ် စရာနည်းလမ်းများစွာကို ပေးစွမ်းနိုင်ပါသည်။ Easy Share feature အသစ်သည် သင်၏ ဒေတာအချက်အလက်များ အားလုံးကို လက်ဖျားတစ်ချက်ထိရုံမျှဖြင့် Y20 သို့ အလွယ်တကူ လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။ ထိုနောက် iManager ၏ အကူအညီဖြင့် vivo ဖုန်းသုံးစွဲသူများသည် ဖုန်းကို သန့်ရှင်းရေးလုပ်ခြင်းသို့မဟုတ် ညအချိန်တွင် ပြသနာများကို စစ်ဆေးခြင်းစသည့် ငြီးငွေ့စရာ ကောင်း သော နေ့စဉ်လုပ်ဆောင်မှုများကို ရှောင်လွှဲနိုင်ပါသည်။ သုံးစွဲသူ ညအိပ်နေချိန် အတွင်း iManager က ဖုန်းကို ကောင်းမွန်သော ပုံစံတစ်ခုဖြစ်အောင် လုပ်ဆောင်ပေးထားသည်။

ချိတ်ဆက်အသုံးပြုရန် Micro USB၊ Wi-Fi, Bluetooth 5.0, FM နှင့် OTG စသည့် နည်းပညာများ Y20 စမတ်ဖုန်းတွင် ပါဝင်သည်။ ဖုန်းအာရုံခံ ကိရိယာများအနေဖြင့် Accelerometer, Ambient Light Sensor, Proximity Sensor, Virtual Gyroscope, E-Compass, Side-Mount Fingerprint Scanner တို့ပါဝင်သည်။

Vivo Y20 စမတ်ဖုန်းအသစ်ကို စွဲမက်ဖွယ်ကောင်းပြီး စတိုင်ကျလှပသော Obsidian Black နှင့် Dawn White အရောင် (၂) ရောင်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ၂၂၉,၈၀၀ ကျပ်ဖြင့် online တွင်ဝယ်ယူရရှိနိုင်ပါသည်။

Source – Vivo Myanmar