vivo ဟာ Y200 Series ဖုန်းတွေကို ဆက်တိုက်ကြေညာနေပါတယ်။ ဒီတစ်ခါကျတော့ vivo Y200 Pro အလှည့် ဖြစ်ပြီး Snapdragon 695 Chip ထည့်သွင်းထားပါတယ်။
vivo Y200 Pro မှာ 6.78” 120Hz FullHD+ Curved AMOLED Display တပ်ဆင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ 64MP Main (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံးပါပါတယ်။ Silk Green Version ရဲ့ အနောက်ဘက်ကို 3D Frosted Glass နဲ့ ဖုံးအုပ်ထားပြီး Silk Black မှာ Sand-textured Finish ကို သုံးထားပါတယ်။
Y200 Pro မှာ 44W Fast Charging နဲ့ USB-C Port ပါလာပြီး 5,000mAh Battery တပ်ဆင်ထားပါတယ်။ Android 14 အခြေပြု Funtouch OS 14 ပါလာပြီး IP54 Rating ထောက်ပံ့ထားပါတယ်။
vivo Y200 Pro အတွက် 8/128GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၃၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ စတင် ရောင်းချပေးလိုက်ပါပြီ။
Ref : gsmarena