ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ပြီးပြည့်သောစတိုင်လ်နှင့် ဆန်းသစ်သောနည်းပညာ အတွေ့အကြုံအသစ်များ ပေးစွမ်းမည့် Y Series ၏ နောက်ဆုံးမျိုးဆက်ဖြစ်သည့် Y22 အား မကြာသေးမီက မိတ်ဆက်ကြေညာခဲ့ပါသည်။ Y22 ဧ။် စျေးနှူန်းသက်သာပြီး ခေတ်မီစတိုင်လ်ကျဆန်းသစ်သောနည်းပညာ ပါဝင်မှုများသည် ယခင် Y Series စမတ်ဖုန်းများ ကဲ့သို့ မြန်မာနိုင်ငံများ လူငယ်များကြား ရေပန်းစားနေပါသည်။

Y22 အား မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့စဉ် vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ “Y Series သည် မြန်မာနိုင်ငံတွင်း အသုံးပြုသူ များအတွက် စျေးနှုန်းသက်သက်သာသာ နှင့် မြင့်မားသော အတွေ့အကြုံကို ပေးဆောင်ရန် ရည်ရွယ်ထားပါတယ်။ Y Series သည် ဒေသတွင်း စတင်မိတ်ဆက်ချိန်မှစ၍ လူငယ်များကြား အထူး ရေပန်းစားခဲ့ပါတယ်။ ဒီလို လူငယ်များကြား နာမည်ရရှိလာခြင်းကို ဆက်လက်ထိန်းသိမ်းရန်အတွက် vivo သည် မြင့်မားသော ဒီဇိုင်း၊ ဆန်းသစ်တီထွင်မှု၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံတို့ကို နောက်ဆုံးထွက် Y စီးရီးစမတ်ဖုန်းတွင် ထည့်သွင်းမိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့ vivo ရဲ့ ရည်မှန်းချက်သည် ကိုယ်ပိုင်ခံစားချက်များကို ဖော်ပြလိုတဲ့ လူငယ်အသုံးပြုသူများအတွက် လိုက်ဖက်မယ့် ဆန်းသစ်တီထွင်မှု၊ ခေတ်မီနည်းပညာတွေနဲ့ လှပတဲ့ ဒီဇိုင်းတွေကို ပေါင်းစပ်ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

vivo Y22 သည် အများနဲ့ မတူ တစ်မှုထူးခြားသော အင်္ဂါရပ်များစွာဖြစ် ပါဝင်ထုတ်လုပ်ထားပါသည်။ ဖုန်းအား အသုံးပြု နေစဉ်အချိန်တိုင်းတွင် ထိရောက် ချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် MediaTek Helio G85 ပရိုဆက်ဆာအား ပံ့ပိုးပေးထားပါသည်။ အားကောင်းသောပရိုဆက်ဆာနှင့်အတူ Y22 တွင် 18W Fast Charge ပါဝင်သော 5000mAh ဘက်ထရီ ထည့်သွင်းထားပါသည်။ ဒါ့အပြင် 4GB RAM နှင့်အတူ အဆင့်မြှင့်ထားသော Extended RAM အင်္ဂါရပ်ပါဝင်ပြီး 128 GB ROM ပါရှိသောကြောင့် 1TB အထိ memory တိုးချဲ့နိုင်မှဖြစ်ပါသည်။


Vivo Y22 သည် စွမ်းဆောင်ရည်မြင့်မားသည့်အပြင် လုပ်ငန်းနယ်ပယ်တွင် ထိပ်တန်းကင်မရာနည်းပညာအားလည်း ပေးစွမ်းနိုင်ပါသည်။ Y22 တွင် အသေးစိတ်ကျလှပပြီး ကြည်လင်ပြတ်သားသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရိုက်ကူးပေးစွမ်းနိုင်သည့် အစွမ်းထက် 50MPနောက်ကျောကင်မရာ ပါရှိသည်။ ဓာတ်ပုံဆရာများ နှင့် ကင်မရာဝါသနာရှင်များအတွက် Y22 ကင်မရာသည် အဆင့်မြင့်အင်္ဂါရပ်များစွာ ပေါင်းစပ်ပါဝင်ထားပါသည် ။ Video Face Beauty၊ Multi-Style Portrait နှင့် Super Night Camera တို့သည် အသုံးပြုသူများအား စိတ်ကြိုက်စတိုင်လ်ဖြင့် တီထွင်ဖန်တီးနိုင်စေမှာ ဖြစ်ပါသည်။ Multi-Style Portrait တွင် ပုံစံမျိုးစုံဖြစ် ဓာတ်ပုံရိုက်ကူးနိုင်သည့် အပြင် Video Face Beauty သည် ဆယ်လ်ဖီ နှင့် ဗီဒီယိုရိုက်ကူးနေချိန် အသုံးပြုသူ၏မျက်နှာအား ပိုမိုရုပ်လုံးကြွအောင် ပုံဖော်ပေးပါသည်။ အနောက်ကင်မရာတွင် Super Night Mode ပါဝင်ပြီး လှပသောညမြင်ကွင်းများကို ရိုက်ကူးနိုင်ရန် Multi-frame Denoising အား ထည့်သွင်းထားပါသည်။

Y22 ဧ။် ထူးခြားသော Frosted Anti-Glare (AG) Surface သည် အသုံးပြုသူများအတွက် ကိုင်ဆောင်ရာတွင် သက်သောင့်သက်သာရှိစေပြီး ဖုန်းဧ။် အသွင်အပြင် အားလည်း ပိုမိုမြှင့်တင်ပေးပါသည်။ Y22 တွင် 2.5D Curvature ဘောင်ဒီဇိုင်း နှင့် အတူ အသုံးပြုသူအတွေ့အကြုံ‌မြှင့်တင်ရန် ရည်ရွယ်ချက် အား Face Wake နှင့် Side Fingerprint Scanner တို့ ထည့်သွင်းကာ အကောင်အထည်ဖော်ထားပါသည်။ Side Fingerprint ဒီဇိုင်းသည် ပါဝါခလုတ်နှင့် လက်ဗွေစကင်နာအား သေသပ်စွာပေါင်းစပ်ထားပြီး Face Wake သည် ဖုန်းအား အသုံးပြုသူ ကိုင်ဆောင်လိုက်ရုံနှင့် လျှင်မြန်စွာ လော့ခ်ဖွင့်နိုင်စေမှာဖြစ်ပါသည်။

Y22 ဧ။် Ultra Game Mode နှင့် Multi-Turbo 5.5 တို့သည် အသုံးပြုသူများအား ကောင်းမွန်သော ဂိမ်းကစားခြင်းအတွေ့အကြုံ ပေးစွမ်းနိုင်ပါသည်။ Multi-Turbo 5.5 သည် စက်တွင်းပါဝါကို အလိုအလျောက် ဖြန့်ဝေကာ Background တွင် လုပ်ဆောင်နေသည့် အက်ပ်များစွာကြောင့် ဖြစ်ပေါ်လာသော နှောင့်နှေးမှုများ မရှိစေရန် ထိန်းသိမ်းပေးပါသည်။ ထို့အပြင် Ultra Game Mode သည် အသုံးပြုသူတို့ ဂိမ်းကစားရာတွင် အနှောင့်ယှက်မရှိ ကစားနိုင်ရန် Do Not Disturb၊ Brightness Lock နှင့် Game Picture-in-Picture ကဲ့သို့ ရွေးချယ်စရာများစွာကို ပေးဆောင်ထားပါသည်။

Y22 အား ခေတ်မီသောအရောင်နှစ်မျိုးဖြစ် ရရှိနိုင်မှာဖြစ်ပြီး ထိုအရောင်နှစ်မျိုးမှာ ကြယ်တာရာများကဲ့သို့ လင်းလက်တောက်ပနေသော Starlit Blue နှင့် အနာဂတ်ဆန်ဆန် ထုဆစ်ထားသော Metaverse Green တို့ဖြစ်ပါသည်။ Y22 ဧ။် မျက်နှာပြင်သည် အနုစိတ်ကျပြီး အရောင်ပြောင်းလဲနေသော စိန်ပုံစံအကွက်များဖြစ် တောက်ပြောင်နေသော ကြောင့် ခေတ်မီအသွင်ပြင်နှင့် ပြည့်စုံသော ဖုန်းတစ်လုံးဟု တင်စားလိုက်ပါသည်။ Y22 အား မြန်မာနိုင်ငံ တွင် ဖေဖော်ဝါရီလ ရက်မှာစတင်ပြီး ၅၂၉၈၀၀ ကျပ် ဖြင့် အမြို့မြို့အနယ်နယ်ရှိ vivo showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။

Press Release – vivo