vivo က Y Series စမတ်ဖုန်း အသစ် ၁ လုံးကို အင်ဒိုနီးရှားမှာ ကြေညာလိုက်ပါတယ်။ vivo Y27s လို့ အမည်ပေးထားပြီး အဆင့်မြှင့်ထားတဲ့ Punch Hole မျက်နှာပြင် အပါအဝင် vivo Y27 နဲ့ Y27 5G တို့နဲ့ ကွဲပြားချက်များစွာ ထည့်ထားပါတယ်။

vivo Y27s launched with SD 680 and IP54 rating

vivo Y27s မှာ 6.64” LED LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Punch Hole Cutout မှာ 8MP အရှေ့ ကင်မရာ ထည့်သွင်းထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

vivo Y27s key specsvivo Y27s key specs

Qualcomm Snapdragon 680 Chipset  မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB UFS 2.2 Storage ပါပါတယ်။ microSD Card Slot လည်း ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးပါလာပြီး တခြား vivo Y27 မော်ဒယ် ၂ လုံးနဲ့ တူညီပါတယ်။ Y27s မှာ အပိုပါလာတာက IP54 ရေစိုခံစံနှုန်း ဖြစ်ပါတယ်။

Android 13 အခြေပြု Funtouch OS 13 မောင်းနှင်ထားပြီး 44W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

vivo Y27s အတွက် Burgundy Black နဲ့ Garden Green အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB Version ကို ၁၅၃ ဒေါ်လာနဲ့ 8/256GB Version ကို ၁၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena